သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးဒုက္ခသည်တွေ အရေးပေါ် အကူအညီ လိုအပ်နေဆဲ

ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ် ဇမီယာ အက်က်ရမ်။ သြဂုတ် ၁၇၊ ၂၀၁၀။
ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ် ဇမီယာ အက်က်ရမ်။ သြဂုတ် ၁၇၊ ၂၀၁၀။

ပါကစ္စတန်နိုင်ငံမှာ ရေလွှမ်းမိုး ခံခဲ့ရပြီးတဲ့နောက် ပျက်စီးသွားတဲ့ အခြေခံ အဆောက်အဦးတွေကို ပြန်တည်ဆောက်ဖို့ ဒေါ်လာ ဘီလီယံပေါင်းများစွာ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန် သံအမတ်က ပြောလိုက်ပါတယ်။

နိုင်ငံရဲ့ မြောက်ပိုင်းဒေသ တခုတည်း ပြန်တည်ဆောက်ဖို့ကိုပဲ ဒေါ်လာ ၂.၅ ဘီလီယံ လိုအပ်ဖွယ် ရှိတယ်လို့ သံအမတ် ဇမီယာ အက်က်ရမ် (Zamir Akram) က ဒီကနေ့ အင်္ဂါနေ့ ဂျီနီဗာမှာ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားတာတွေကို ပြန်ပြင်ဆင်ဖို့နဲ့ ပြန်တည်ဆောက်ဖို့ အချိန် ၅ နှစ်ထက်မနည်း ကြာမယ်လို့ သူက ခန့်မှန်းပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းနဲ့ သီးနှံတွေ ပျက်စီးသွားတာကြောင့် စားနပ်ရိက္ခာ ပြတ်လပ်တာ၊ အလုပ်လက်မဲ့ အရေအတွက်နဲ့ ဆင်းရဲ မွဲတေတာတွေ ကြီးကြီးမားမား ဖြစ်လာဖွယ် ရှိတယ်လို့လည်း သံအမတ်က သတိပေးခဲ့ပါသေးတယ်။

နေအိမ်တွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးသွားတဲ့ ပါကစ္စတန်နိုင်ငံသား သန်းပေါင်းများစွာအတွက် နိုင်ငံတကာကနေ အကူအညီတွေ ပိုပေးကြဖို့ သံအမတ် အက်က်ရမ်က မေတ္တာရပ်ခံ ပန်ကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG