သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးသင့် ပါကစ္စတန်ကို ကူညီဖို့ ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(ဝဲ) နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီတို့ ဆွေးနွေးနေစဉ်။ သြဂုတ် ၁၅၊ ၂၀၁၀။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း(ဝဲ) နှင့် ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီတို့ ဆွေးနွေးနေစဉ်။ သြဂုတ် ၁၅၊ ၂၀၁၀။

ပါကစ္စတန်နိုင်ငံက ရေလွှမ်းမိုး ခံထားရတဲ့ ဒေသကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဒီကနေ့ တနင်္ဂနွေနေ့မှာ လှည့်လည် ကြည့်ရှုခဲ့ပါတယ်။ ရေဘေးဒုက္ခသည် သန်းပေါင်းများစွာအတွက် အရှိန်တိုးမြှင့်ပြီး အကူအညီတွေ ပေးကြဖို့ နိုင်ငံတကာ အလှူရှင်တွေကို အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။

ရေဘေးသင့် ဒေသတချို့ကို ရဟတ်ယာဉ်ပေါ်ကနေ သွားမကြည့်ခင်မှာ အတွင်းရေးမှူးချုပ်က ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani)၊ သမ္မတ အာဆစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) တို့ နှစ်ယောက်စလုံးနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးမှာ သူ အစီရင်ခံ တင်ပြမယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အရေးပေါ် အကူအညီအတွက် ဒေါ်လာသန်းပေါင်း ၄၆၀ တောင်းခံထားတဲ့ထဲက ၂၀% လက်ခံရရှိထားပြီးပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း ၁,၆၀၀ လောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မုတ်သုန်မိုး ရွာတာကြောင့် ဖြစ်ခဲ့ရတဲ့ ရေကြီးမှုကြောင့် လူပေါင်း သန်း ၂၀ လောက် ဒုက္ခရောက်နေရတယ်လို့ ဝန်ကြီးချုပ် ဂီလာနီက ပြောပါတယ်။

လူ ၆,၀၀၀,၀၀၀ ဟာ အစားအစာ၊ အမိုးအကာ၊ သောက်ရေသန့်နဲ့ ဆေးဝါးတွေ လိုအပ်နေတုန်းပဲလို့ အကူအညီပေး လုပ်သားတွေက ပြောပါတယ်။

This item is part of
XS
SM
MD
LG