သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကလေး ၃.၅ သန်း ရောဂါကူးစက်မယ့် အန္တရာယ် ရင်ဆိုင်

ရေဘေးဒဏ် အကြီးအကျယ် ခံနေရတဲ့ ပါကစ္စတန်နိုင်ငံမှာ ကလေးငယ် ၃,၅၀၀,၀၀၀ ဟာ ရေကြောင့်ဖြစ်တဲ့ ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိပြီး ဒီအခြေအနေကြောင့် နောက်ထပ် သေဆုံးမှုတွေ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေး ပြောဆိုလိုက်ပါတယ်။

အလှူရှင်တွေက အထောက်အကူတွေ အခုထက်ပိုပြီး မပေးရင် လူပေါင်း ၆,၀၀၀,၀၀၀ လောက်ဟာ ဝမ်းလျှောရောဂါ၊ ဝမ်းကိုက်ရောဂါနဲ့ တခြား ဖျားနာမှုတွေ ကြုံရနိုင်တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် မော်ရီဇီယို ဂီယူလီယာနို (Maurizio Giuliano) က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပါကစ္စတန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဂီဒို ဆာဘာတီနယ်လီ (Guido Sabatinelli) ကလည်း အခုကတည်းက ဆိုးရွားတဲ့ အခြေအနေမှာ ရှိနေပြီးဖြစ်တဲ့ သူတွေအတွက် သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ ဆေးဝါး အထောက်အကူတွေ မရတာက သေဆုံးမှုတွေ ပိုပြီးတော့ များလာစေနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ရေဘေးကြောင့် ဆေးရုံ ဆေးခန်း ၁၀၀ နီးပါး ပျက်စီးထိခိုက်ခဲ့ရတာကြောင့် အခုအခါ လိုအပ်နေတဲ့ နေရာတွေအတွက် ဆေးဝါးအကူအညီ လုပ်ငန်းတွေလည်း ထိခိုက်ရတယ်လို့ WHO ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

သုံးပတ်ကြာ ရွာသွန်းခဲ့တဲ့ မုတ်သုန်မိုးကြောင့် ပါကစ္စတန်နိုင်ငံမှာ လူပေါင်း ၁,၆၀၀ သေဆုံးခဲ့ရသလို ခိုင်ဘာ ပတ်ခ်တွန်ခွာ (Khyber-Pakhtunkhwa)၊ ပန်ဂျပ် (Punjab) နဲ့ ဆင်းဒ် (Sindh) ပြည်နယ်တွေမှာ လူပေါင်း သန်း ၂၀ ဒုက္ခရောက်ခဲ့ကြရပါတယ်။

This item is part of
XS
SM
MD
LG