သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေး ဒုက္ခသည် သန်း ၂၀ ရှိပြီ

Peshawar ဒေသအနီး ရေကြီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ လူနေအိမ်တချို့ (သြဂုတ်လ၊ ၂၀၁၀)။
Peshawar ဒေသအနီး ရေကြီးမှုကြောင့် ပျက်စီးခဲ့ရတဲ့ လူနေအိမ်တချို့ (သြဂုတ်လ၊ ၂၀၁၀)။

ပါကစ္စတန်နိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်တဲ့ ရေလွှမ်းမိုးမှုကြောင့် လူစုစုပေါင်း သန်း ၂၀ ကို ထိခိုက်စေခဲ့တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် ယူဆွပ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က စနေနေ့ကပဲ ပြောကြားသွားပါတယ်။ ကုလသမဂ္ဂက ခန့်မှန်းခဲ့တဲ့ လူစုစုပေါင်း ၁၄သန်း ကို ထိခိုက်စေတယ် ဆိုတဲ့ အရေအတွက်ထက် အများကြီး ပိုများသွားတာပါ။

စနေနေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို အကျဉ်းရုံးကျင်းပခဲ့ပြီး မစ္စတာ ဂီလာနီ က ရုပ်မြင်သံကြားကနေ လူထုကို မိန့်ခွန်းပြောကြားသွားတာပါ။ ဒီ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁,၆၀၀ သေဆုံးရပြီး အိုးအိမ်ပေါင်း ၇ သိန်းကျော် ပျက်စီးရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

Swat ဒေသ အနောက်မြောက်ပိုင်းက မင်ဂိုရာ (Mingora) ခရိုင်မှာ ပထမဆုံး ကာလဝမ်းရော ဖြစ်ပွားမှု ရှိတယ်လို့ အရာရှိတွေက အတည်ပြု ပြောကြားပါတယ်။ တခြား အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေလည်း ဖြစ်ပွားနေတယ်လို့ ယူဆရပါတယ်။

ရေဘေးဒုက္ခကြုံနေရတဲ့ ကာလအတွင်းမှာ ဥရောပကို သွားရောက်ခဲ့တာမို့ အများရဲ့ ဝေဖန်မှုတွေခံရတဲ့ သမ္မတ အဆစ် အလီ ဇာဒါရီ (Asif Ali Zardari) ကတော့ ဒီကနေ့ စနေနေ့မှာ ရေလွှမ်းမိုးခံရတဲ့ ဒေသတွေဆီ သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG