သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေဘေးအလှူငွေ ထိရောက်စွာ သုံးစွဲရေး လွှတ်တော်မှာတိုင်ပင်မည်


ပါကစ္စတန်ရေဘေး ဒုက္ခသည်တွေအတွက် လက်ခံရရှိထားတဲ့ အလှူငွေတွေကို ဘယ်လို ခွဲဝေသုံးစွဲကြမလဲ ဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ အားလုံးရဲ့ သဘာထားတွေ ရယူဖို့အတွက် ပါကစ္စတန်ဝန်ကြီးချုပ် ယူစွပ် ရာဇာ ဂီလာနီက အစည်းအဝေး ခေါ်လိုက်ပါတယ်။

ရေဘေး ဒုက္ခသည်တွေ အတွက် ကယ်ဆယ်ရေး ပစ္စည်းတွေ ထိထိရောက်ရောက် ပံ့ပိုးနိုင်မယ့် အကောင်းဆုံး ဗျူဟာ ချမှတ်နိုင်ရေး အတိုက်အခံ ပါတီတွေရဲ့ တခဲနက် သဘောတူညီမှုကို ရယူလိုတယ်လို့ မစ္စတာ ဂီလာနီက လွှတ်တော်မှာ စနေနေ့က ပြောဆိုလိုက်ပါတယ်။ မစ္စတာ ဂီလာနီ ကမကထ လုပ်ပြီး ရေဘေး ဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ရှာဖွေခဲ့ရာမှာ ဒေါ်လာ ၄၇ သန်းရရှိထားပြီးဖြစ်ပါတယ်။

ပါကစ္စတန် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံကို မကျေနပ်တဲ့ ရေဘေး ဒုက္ခသည်တွေ ဒေါသ ထွက်နေကြတာကြောင့် ပါကစ္စတန်အစိုးရ ဖိအားပေးခံနေရပါတယ်။

တစ်လကြာခဲ့တဲ့ ရေဘေးကြောင့် နိုင်ငံတဝန်း လူ ၁,၆၀၀ ခန့် သေဆုံးပြီး သန်း၂၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အရေးပါတဲ့ ဆည်မြောင်းတွေ၊ မွေးမြူရေးလုပ်ငန်းတွေ၊ ကောက်ပဲသီးနှံတွေ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ရေပြန်ကျသွားပြီဖြစ်လို့ ရေဘေးဒုက္ခသည်တွေ အိမ်ပြန်နိုင်ခဲ့ကြပေမဲ့ စားဝတ်နေရေး အကျပ်အတည်း ဒုက္ခတွေနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လု့ိ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ပြောပါတယ်။

XS
SM
MD
LG