သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း မူရှာရက်(ဖ်) တရားရုံးက ဆင့်ခေါ်


ပါကစ္စတန်စစ်ခေါင်းဆောင်ဟောင်း Pervez Musharraf
ပါကစ္စတန်စစ်ခေါင်းဆောင်ဟောင်း Pervez Musharraf
ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ် အနေနဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက်မှုဆိုင်ရာ စွဲချက်တွေကို ရင်ဆိုင်ဖို့ နောက် သီတင်းပတ်မှာ တရားရုံး လာရမယ်လို့ ပါကစ္စတန် တရားရုံးတစ်ခုက ညွှန်ကြားလိုက်ပါတယ်။ မကျန်းမာတဲ့အတွက် အရင် တရား ရုံးချိန်းတွေကို မလာရောက်နိုင်ခဲ့တဲ့ကြားကပဲ အခုလို အမိန့်ထုတ်လိုက်တာပါ။ စစ်ဆေးရုံ တစ်ခုမှာ လောလောဆယ်ရှိနေတဲ့ အသက် ၇၀ အရွယ် မစ္စတာမူရှာရက်ဖ်ရဲ့ ဆေးမှတ်တမ်းကို စစ်ဆေးပြီးတဲ့နောက် ဇန်နဝါရီလ ၁၆ ရက်နေ့ ရုံးချိန်းကို မဖြစ်မနေ လာရောက်ရမယ်လို့ တရားသူကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့တာဖြစ် ပါတယ်။

သူဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အစ္စလမ်မာဘတ်မြို့တော်က တရားရုံးဆီအသွား နှလုံးရောဂါ ဖောက်လာတယ်လို့ ဆိုတဲ့ အတွက် အနီးအနား ရာဝါလ်ပင်ဒီမြို့က ဆေးရုံဆီ အလျင်အမြန် ပို့ခဲ့ရပါတယ်။ မစ္စတာ မူရှာရက်ဖ်မှာ နှလုံးသွေးကြောကျဉ်းရောဂါ ရှိနေတယ်လို့ ဆရာဝန်တွေက စမ်းသပ် စစ်ဆေးထားပါတယ်။

အဲဒါဟာ မစ္စတာမူရှာရက်ဖ် သုံးကြိမ်မြောက် ရုံးချိန်း ပျက်ကွက်တာဖြစ်ပါတယ်။ ပထမနှစ်ကြိမ်ကတော့ သူ့အိမ်ကနေ တရားရုံးဆီ သွားရာလမ်း မှာ ဖောက်ခွဲရေးပစ္စည်းတွေ ထောင်ထားတာကို တာဝန်ရှိသူတွေက တွေ့ခဲ့ပြီးတဲ့နောက် ရုံးချိန်းပျက်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG