သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ေပါက္ကြဲမႈ ၁၀ ဦးထက္မနည္း ေသဆံုး


ေပါက္ကြဲမႈျဖစ္ၿပီး ၿပိဳက်ပ်က္စီးသြားတဲ့ အေဆာက္အဦးမွာ ကယ္ဆယ္ေရး ေဆာင္ရြက္ေနသူမ်ား။ (ဒီဇင္ဘာ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

ပါကစၥတန္ႏိုင္ငံ ကရာခ်ိၿမိဳ႕ စက္မႈဇုံရပ္ဝန္းအတြင္း ဘဏ္႐ုံးခြဲတခုမွာ စေနေန႔က ေပါက္ကြဲမႈ ျဖစ္ခဲ့တာေၾကာင့္ လူ ၁၀ ဦးထက္မနည္း ေသဆံုးၿပီး ၁၁ ဦး ဒဏ္ရာရခဲ့တယ္လုိ႔ ရဲက အတည္ျပဳပါတယ္။

“ေပါက္ကြဲရတဲ့ ေအၾကာင္းရင္းကို စံုစမ္းေနဆဲျဖစ္ေၾကာင္းနဲ႔ လူ ၁၀ ဦး ေသဆုံးၿပီး အနည္းဆုံး ၁၁ ဦး ဒဏ္ရာရသြားခဲ့ေၾကာင္း” အႀကီးတန္း ပါကစၥတန္ရဲအရာရွိ Sarfraz Nawaz Sheikh က ေျပာသြားတာပါ။

ၿမိဳ႕ရဲ႕ အညစ္အေၾကးစြန႔္ပစ္ရာ ပိုက္လိုင္းေတြနဲ႔ ဓာတ္ေငြ႔ပိုက္လိုင္းေတြ အေပၚမွာ တည္ေဆာက္ထားတဲ့အတြက္ ဓာတ္ေငြ႔ယိုစိမ့္ၿပီး ေပါက္ကြဲမႈျဖစ္တာ ျဖစ္ႏုိင္ေၾကာင္း ရဲအရာရွိက ေျပာပါတယ္။ ေပါက္ကြဲမႈ အေၾကာင္းအရင္းကို ေသခ်ာသိႏိုင္ဖို႔ ကၽြမ္းက်င္သူေတြနဲ႔ စံုစမ္းစစ္ေဆးဖို႔ လုပ္ေနတယ္လို႔ ရဲအရာရွိႀကီးက ေျပာပါတယ္။

ပါကစၥတန္ရဲ႕ အႀကီးဆုံးဘဏ္ႀကီးတခုျဖစ္တဲ့ Habib ဘဏ္ရဲ႕ ႐ုံးခြဲတခုမွာ ေပါက္ကြဲခဲ့တာပါ။ ဘဏ္႐ုံးအေဆာက္အဦး ဆိုးဆိုးရြားရြား ပ်က္စီးသြားသလို အနီးအနားမွာရွိတဲ့ ဓာတ္ဆီဆိုင္တဆိုင္လည္း ထိခိုက္ပ်က္စီးခဲ့ပါတယ္။ ဒါ့အျပင္ အနီးမွာရပ္ထားတဲ့ ကားေတြလည္း ပ်က္စီးသြားခဲ့ပါတယ္။

ေဆာက္လုပ္ေရးဥပေဒေတြကို မၾကာခဏ လိုက္နာမႈမရွိဘဲ ကရာခ်ိၿမိဳ႕မွာ ေရဆိုးနဲ႔ အညစ္အေၾကးစြန႔္ရာ ေျမာင္းေတြအေပၚမွာ ဖုန္းအုပ္ၿပီး အေဆာက္အဦးေတြ ေဆာက္ေလ့ရွိပါတယ္။ ၿပီးခဲ့တဲ့လထဲတုန္းကေတာ့ အထပ္ျမင့္ လူေနတိုက္ခန္းတခုကို တရားမဝင္ က်ဴးေက်ာ္ ေဆာက္လုပ္မႈနဲ႔ ၿဖိဳခ်ဖ်က္ဆီးဖို႔ ဗဟိုတရား႐ုံးကေန အမိန႔္ထုတ္ခဲ့ပါေသးတယ္။

ပါကစၥတန္ေပါက္ကြဲမႈ ၁၀ ဦးထက္မနည္း ေသဆံုး
please wait

No media source currently available

0:00 0:01:05 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ပါကစ္စတန်ပေါက်ကွဲမှု ၁၀ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ စက်မှုဇုံရပ်ဝန်းအတွင်း ဘဏ်ရုံးခွဲတခုမှာ စနေနေ့က ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ရဲက အတည်ပြုပါတယ်။

“ပေါက်ကွဲရတဲ့ အေကြာင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်းနဲ့ လူ ၁၀ ဦး သေဆုံးပြီး အနည်းဆုံး ၁၁ ဦး ဒဏ်ရာရသွားခဲ့ကြောင်း” အကြီးတန်း ပါကစ္စတန်ရဲအရာရှိ Sarfraz Nawaz Sheikh က ပြောသွားတာပါ။

မြို့ရဲ့ အညစ်အကြေးစွန့်ပစ်ရာ ပိုက်လိုင်းတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ အပေါ်မှာ တည်ဆောက်ထားတဲ့အတွက် ဓာတ်ငွေ့ယိုစိမ့်ပြီး ပေါက်ကွဲမှုဖြစ်တာ ဖြစ်နိုင်ကြောင်း ရဲအရာရှိက ပြောပါတယ်။ ပေါက်ကွဲမှု အကြောင်းအရင်းကို သေချာသိနိုင်ဖို့ ကျွမ်းကျင်သူတွေနဲ့ စုံစမ်းစစ်ဆေးဖို့ လုပ်နေတယ်လို့ ရဲအရာရှိကြီးက ပြောပါတယ်။

ပါကစ္စတန်ရဲ့ အကြီးဆုံးဘဏ်ကြီးတခုဖြစ်တဲ့ Habib ဘဏ်ရဲ့ ရုံးခွဲတခုမှာ ပေါက်ကွဲခဲ့တာပါ။ ဘဏ်ရုံးအဆောက်အဦး ဆိုးဆိုးရွားရွား ပျက်စီးသွားသလို အနီးအနားမှာရှိတဲ့ ဓာတ်ဆီဆိုင်တဆိုင်လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် အနီးမှာရပ်ထားတဲ့ ကားတွေလည်း ပျက်စီးသွားခဲ့ပါတယ်။

ဆောက်လုပ်ရေးဥပဒေတွေကို မကြာခဏ လိုက်နာမှုမရှိဘဲ ကရာချိမြို့မှာ ရေဆိုးနဲ့ အညစ်အကြေးစွန့်ရာ မြောင်းတွေအပေါ်မှာ ဖုန်းအုပ်ပြီး အဆောက်အဦးတွေ ဆောက်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့လထဲတုန်းကတော့ အထပ်မြင့် လူနေတိုက်ခန်းတခုကို တရားမဝင် ကျူးကျော် ဆောက်လုပ်မှုနဲ့ ဖြိုချဖျက်ဆီးဖို့ ဗဟိုတရားရုံးကနေ အမိန့်ထုတ်ခဲ့ပါသေးတယ်။

XS
SM
MD
LG