သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အပူလှိုင်း လူ ၄၀၀ မက သေဆုံး


ပါကစ္စတန်နိုင်ငံတောင်ပိုင်း Sindh ပြည်နယ်မှာ ပြင်းထန်တဲ့ အပူလိုင်းကြောင့် သုံးရက်အတွင်း လူ ၄၀၀ ကျော် သေဆုံးသွားခဲ့ပါတယ်။

စနေနေ့က အပူချိန်ဟာ ၄၄ ဒီဂရီ ဆဲလ်ဆီးယက်အထိ ရောက်ခဲ့ပြီး တနင်္ဂနွေနေ့ကတော့ ၄၃ ဒီဂရီ ဆဲလ်ဆီးယက်ကို မဆိုသလောက် ကျသွားခဲ့ပါတယ်။ လျှပ်စစ်ဓာတ်ကြိုးတွေ ထိခိုက်ပျက်စီးပြီး လူ သန်း ၂၀ လောက်နေထိုင်တဲ့ ပါကစ္စတန်ရဲ့ စီးပွားရေးအချက်အချာ ကရာချီးမြို့မှာ လျှပ်စစ်မီး အကြီးအကျယ် ပျက်တောက်တာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒေသဆိုင်ရာအာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေညာထားရပါတယ်။

အပူချိန်လွန်ကဲမှုကြောင့် ဆက်စပ်ဖြစ်ပွားတဲ့ ဖျားနာမှုတွေနဲ့ ဆေးရုံကို လူတွေရာနဲ့ချီ ရောက်လာနေတာကြောင့် ဆရာဝန်တွေနဲ့ ဆေးရုံဝန်ထမ်းအားလုံးကို ခွင့်မယူဖို့ အစိုးရအရာရှိတွေက ပြောထားပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အခုချိန်ဟာ ကမ္ဘာတဝှမ်းက မူဆလင်တွေ နေထွက်ချိန်ကနေ နေဝင်ချိန်အထိ အစားမစားဘဲ ဥပုသ်သီလ စောင့်တည်ကြတဲ့ ရာမာဒန် အခါကြီးရက်ကြီးအချိန် ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ချစ်တောက်ပူနေတဲ့ အပူချိန်အောက်မှာ ပါကစ္စတန်နိုင်ငံသားတွေ အစားမစား ရေမသောက်ဘဲ ဥပုသ်စောင့်နေကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG