သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပါကစ္စတန် မှာ Imran Khan ဦးဆောင် ညွန့်ပေါင်းအစိုးရဖွဲ့မည်


ပါကစ္စတန် အတိုက်အခံခေါင်းဆောင် Imran Khan

ပါကစ္စတန်လွှတ်တော်ရွေးကောက်ပွဲတွေမှာ Imran Khan ရဲ့ပါတီ အနိုင်ရကြောင်း ရွေးကောက်ပွဲ တာဝန်ရှိသူတွေ ကြေညာ လိုက်ပြီးတဲ့နောက် နာမည်ကျော် ခရစ်ကက်ကစားသမားဟောင်းကနေ နိုင်ငံရေးသမားဖြစ်လာသူ Imran Khan အနေနဲ့ ညွန့်ပေါင်းအစိုးရတရပ်ဖွဲ့ဖို့ စလုပ်ရတော့မှာဖြစ်ပါတယ်။

Khan ရဲ့ PTI ခေါ် Tehreek-e-Insaf ပါတီဟာ ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၂၆၉ နေရာထဲက ၁၁၆ နေရာကိုအနိုင်ရပေမဲ့ အမတ်နေရာအများစုကို ပြတ်ပြတ်သားသား အနိုင်မရတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ လုပ်ရမှာပါ။

အဖမ်းခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ရဲ့ညီဖြစ်သူ Shahbaz Sharif ဦးဆောင်တဲ့ ပါကစ္စတန် မွတ်ဆလင် အဖွဲ့ ချုပ်က ၆၄ နေရာအနိုင်ရပြီး ကွယ်လွန်သူပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Benazir Bhutto ၊ သမ္မတဟောင်း Asif Ali Zadari တို့ရဲ့ တဦးတည်းသောသားဖြစ်သူ Bilawal Bhutto Zardari ဦးဆောင်တဲ့ ပါကစ္စတန်ပြည်သူ့ပါတီက ၃၉ နေရာ အနိုင်ရပါတယ်။

Khan ရဲ့ပါတီအနိုင်ရတာဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့က သူ့ဘက်ကနေ ဘက်လိုက် ပါဝင်လုပ်ဆောင်ပေးပြီး မသာမာမှု တွေအကြီးအကျယ်ရှိတယ်လို့ သူ့ရဲ့အတိုက်အခံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲပြောဆိုပါတယ်။ Khan ကတော့ အဲဒီ စွပ်စွဲချက်တွေကိုပယ်ချပြီး ဒီရွေးကောက်ပွဲမှာ နိုင်ငံရဲ့ ၇၁ နှစ်ကြာ သမိုင်းကြောင်းမှာ ပွင့်လင်းမြင်သာမှုအရှိဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပါကစ္စတန်လူထုကို ချီးကျူး ပြောဆိုကြပေမဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးကာလ မမျှတတဲ့အခြေအနေတွေအပေါ် ထောက်ပြ ဝေဖန်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG