သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရွေးကောက်ပွဲ Imran Khan က အနိုင်ရကြောင်းကြေညာ


Pakistan ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ Cricket အားကစားအကျော်အမော်ဟောင်း Imran Khan ကပြောကြားပြီး ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြောခဲ့တာမှာ ဆင်းရဲမွဲတေမှု၊ အဂတိလိုက်စားမှုတို့ကို ကောင်းမွန်တိုးတက်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့ တိုက်ဖျက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက မဲ ၉၀% လောက်ရေတွက်ပြီးချိန် ကြာသပတေးနေ့မှာ Imran Khan က အနိုင်ရမိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ PT ပါတီက အဓိကပြိုင်ဖက် ထောင်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ရဲ့ PML-N ပါတီထက် မဲအများကြီးအသာရထားပါတယ်။

Khan အနိုင်ရအောင် မဲမသမာမှုတွေရှိတယ်လို့ ပြိုင်ဖက်ပါတီတွေအားလုံးက စွပ်စွဲနေကြပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ ၁၀၀% ပွင့်လင်းမြင်သာ မျှတမှုရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အခိုင်အမာ ပြောပါတယ်။

Imran Khan ကလည်း အခုရွေးကောက်ပွဲဟာ Pakistan မှာ အမျှတဆုံး ရွေးကောက်ဖြစ်တယ်လို့ဆိုပြီး မဲမသာမှုစွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်တဲ့ အကူညီမှန်သမျှပေးမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် Pakistan နိုင်ငံကို သာယာဝပြောတဲ့ အစ္စလာမ်နိုင်ငံတော်ဖြစ်အောင်လုပ်သွားမယ်လို့လည်း Khan ကမိန့်ခွန်းထဲမှာ ကတိပြုသွားပါတယ်။ မဲရေတွက်ပြီးသလောက်ရလာဒ်တွေအရ Khan ရဲ့ပါတီဟာ ပါတီသေးလေးတွေ၊ ဒါမှမဟုတ် တသီးပုဂ္ဂလအမတ်တွေနဲ့ ညွန့်ပေါင်းဖွဲ့ပြီး ဗဟိုအစိုးရဖွဲ့နိုင်မယ့် အခြေအနေရှိရုံမက Pakistan ပြည်နယ် ၄ ခုထဲက ၃ ခုမှာပါ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ပါကစ္စတန်ရွေးကောက်ပွဲ Imran Khan က အနိုင်ရကြောင်းကြေညာ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG