သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာရှရေကြီးမှု သေဆုံးသူ ၂၀၀ ကျော်


ရေကြီးပြီး အိမ်ပျက်စီးသွားပြီး အိုးအိမ်မဲ့ ဖြစ်သွားသူ ကလေးတစ်ဦး။
ရေကြီးပြီး အိမ်ပျက်စီးသွားပြီး အိုးအိမ်မဲ့ ဖြစ်သွားသူ ကလေးတစ်ဦး။

ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ သည်းထန်တဲ့မုတ်သုန်မိုးကြောင့် ရုတ်တရက်ရေကြီးခဲ့လို့ သေဆုံးသူ ၂၀၀ ကျော်သွားပါပြီ။ ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီရှိပြီး ထောင်နဲ့ချီလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြပါတယ်။ ပါကစ္စတန်မှာ သေဆုံးသူ ၁၁၀ လောက်ရှိနေပြီလို့ ပါကစ္စတန် တာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။

သေဆုံးသူအများစုက ပြိုကျတဲ့အိမ်ခေါင်မိုးတွေ ပိလို့ဖြစ်တယ်လို့ ပြောပါတယ်။ သောင်တင်နေကြတဲ့ သူတွေကိုလည်း လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ပေးနိုင်ဖို့ ကယ်ဆယ်ရေးတွေကို ရဟတ်ယာဉ်တွေ၊ လှေတွေနဲ့ အစိုးရက စေလွှတ်ထားပါတယ်။

မိုးအကြီးအကျယ်ရွာပြီး ရေကြီးလို့ တနိုင်ငံလုံးက အိမ်ပေါင်း ၄ ထောင်လောက်ဟာ တပိုင်းတပျက်၊ ဒါမှမဟုတ် လုံးဝပြိုကျကုန်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်တွေမှာလည်း အလားတူရေကြီးနေပြီး သေဆုံးသူ ၁၀၀ ကျော်သွားပါပြီ။ မြောက်ပိုင်းဒေသတွေက မြို့တွေ ရွာတွေကို ရေတွေလွှမ်းခဲ့လို့ တာဝန်ရှိသူတွေက အရေးပေါ် အခြေအနေထုတ်ပြန်ထားပါတယ်။

နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံးရေကြီးမှုဖြစ်တယ်လို့ အိန္ဒိယအစိုးရအုပ်ချုပ်တဲ့ Jammu နဲ့ Kashmir ပြည်နယ်ဝန်ကြီးချုပ် Omar Abdullah က ပြောပါတယ်။ အဲဒီဒေသဖက်မှာ ရွာပေါင်း ထောင်နဲ့ချီ ရေအောက်ရောက်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ တနင်္ဂနွေနေ့ကစပြီး တဖြည်းဖြည်းရေတွေ ပြန်ကျသွားလိမ့်မယ်လို့ မိုးလေဝသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG