သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ကရာချီလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား


အကြမ်းဖက်သမာေးတွ ဝင်ရောက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံ၊ Jinnah Iနိုင်ငံတကာလေဆိပ်မှာ ပါကစ္စန် စစ်သားတဦး လုံခြုံရေးယူနေစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
အကြမ်းဖက်သမာေးတွ ဝင်ရောက် စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံ၊ Jinnah Iနိုင်ငံတကာလေဆိပ်မှာ ပါကစ္စန် စစ်သားတဦး လုံခြုံရေးယူနေစဉ်။ (ဂျွန် ၈၊ ၂၀၁၄)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့လေဆိပ်အတွင်းက VIP တွေအသုံးပြုတဲ့ လေဆိပ်ခန်းမကို လက်နက်ကြီးတွေကိုင်ဆောင်ပြီး ဝင်ရောက် တိုက်ခိုက်တဲ့ သေနတ်သမား ၇ ဦးကို ဝိုင်းမိထားပြီလို့ ပါကစ္စတန် အထူးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဝင်ရောက်တိုက်ခိုက်သူ အနည်းဆုံး ၆ ဦးနဲ့ လေဆိပ်လုံခြုံရေး ၆ ဦးတို့လည်း သေဆုံးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လေဆိပ်အတွင်းက ခရီးသည်တွေအားလုံးကို ဘေးကင်းရာကို ကယ်ထုတ်သွားနိုင်ခဲ့ပြီး လေယာဉ် အတက်အဆင်းတွေကိုလည်း ရပ်ဆိုင်းထားပြီလို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ကရာချိလေဆိပ်က Jinnah နားနေဆောင်ကို သောင်းကျန်းသူတွေက လက်ပစ်ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီး အထဲကိုဝင်နိုင်ဖို့ ကြိုးစားခဲ့ကြတာလို့ ဆိုပါတယ်။ သေနတ်သမားတွေအနေနဲ့ အသေခံတိုက်ခိုက်နေပုံရပြီး သူတို့ ဘယ်အဖွဲ့ကလည်း ၊ ဘာကြောင့် အခုလို တိုက်ခိုက်သလဲဆိုတာကို အတိအကျ မသိနိုင်ဘူး ဖြစ်နေတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ဒီအကြမ်းဖက် တိုက်ခိုက်မှုကို ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
XS
SM
MD
LG