သေနတ်သမား ၁၀ ဦး အပါအဝင် လူပေါင်း ၂၈ ဦး သေဆုံးခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံက အလုပ်အများဆုံးလေဆိပ်ကို ဝင်တိုက်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ တာလီဘန်တွေက ပြောလိုက်ပါတယ်။
လက်နက်အပြည့်အစုံကိုင်ထားတဲ့ စစ်သွေးကြွတွေက ကရာချိမြို့၊ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲက အဝင်အထွက် နေရာဟောင်းတခုကို ထိုးဖောက်ဝင်ရောက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ ငါးနာရီကြာ တိုက်ပွဲဖြစ်ပြီး တနင်္လာနေ့ အစောပိုင်းကမှ ပြီးဆုံးခဲ့ပါတယ်။
လေဆိပ်လုံခြုံရေးဝန်ထမ်းဝတ်စုံတွေကို အယောင်ဆောင် ဝတ်ဆင်ထားတဲ့ စစ်သွေးကြွတွေဟာ ကုန်တင်ကုန်ချနဲ့ သီးခြား လေယာဉ်တွေအတွက် အဓိကအသုံးပြုတဲ့ နေရာဆီ ပစ်ခတ်ဝင်ရောက်ခဲ့ပြီးတဲ့နောက် တိုက်ပွဲဖြစ်ပြီး ရဲတပ်ဖွဲ့က သတ်လို့ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အသေခံဖောက်ခွဲလို့ပဲဖြစ်ဖြစ် သေဆုံးသွားခဲ့ပါတယ်။
လက်ပစ်ဗုံးတွေ၊ ဒုံးကျည်ပစ် သေနတ်တွေနဲ့ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲကို ပစ်ခတ် ဝင်ရောက်ခဲ့ကြတာလို့ တာဝန်ရှိသူတွေကပြောပါတယ်။
လေဆိပ်ဝန်ထမ်း လေးဦးအပါအဝင် လုံခြုံရေးတပ်ဖွဲ့အဝင် အများအပြား သေဆုံးခဲ့ပေမယ့် ခရီးသည်တယောက်မှ ထိခိုက်ဒဏ်ရာ ရခဲ့တာ မရှိပါဘူး။