သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ကန် အကြမ်းဖက်သတ်မှတ်ထားတဲ့အဖွဲ့ ရိုဟင်ဂျာအတွက် အလှူခံ


Jamaat ud Dawa အကြမ်းဖက် အဖွဲ့ Jamaat ud Dawa အကြမ်းဖက် အဖွဲ့နဲ့ အဲဒီအဖွဲ့လက်အောက်ခံ လူမှုရေး ကူညီရေးအဖွဲ့ခွဲတို့က အူရဒူ ဘာသာစကားနဲ့ ရေးသားထားတဲ့ အလှုငွေ တောင်းခံတဲ့ လက်ကမ်း စာစောင်

ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ ပါကစ္စတန် အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတခုဟာ ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် အကူအညီပေးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အများပြည်သူထံမှာ ပြောင် အလှု လိုက်ခံနေပါတယ်။

အဲဒီ အကြမ်းဖက်အဖွဲ့ဟာ မြန်မာနိုင်ငံက ဖိနှိပ်ခံ မွတ်ဆလင်တွေအတွက် အလှုခံခြင်းလို့ ခေါင်းစဉ်တပ်ထားတဲ့ လက်ကမ်းစာရွက်တွေ သတင်းစာတွေကြားမှာ ညှပ်ပါလာတာကို Rawalpindi မြို့ခံတွေ တနင်္လာနေ့က လက်ခံ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Jamaat ud Dawa အကြမ်းဖက် အဖွဲ့နဲ့ အဲဒီအဖွဲ့လက်အောက်ခံ လူမှုရေး ကူညီရေးအဖွဲ့ခွဲတို့က အကူအညီ တောင်းခံတဲ့ လက်ကမ်း စာစောင်တွေကို အူရဒူ ဘာသာစကားနဲ့ စာမျက်နှာ နှစ်ဘက်စလုံးမှာ ရေးသားပြီး ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လက်ကမ်းစာစောင်ပေါ်မှာ အရေးပေါ် အကူအညီ လိုအပ်နေတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ဓါတ်ပုံတွေမှာ ပုံနှိပ် ဖော်ပြထားပြီး ဘယ်လောက် ကူညီနိုင်တယ်ဆိုတဲ့ ငွေကြေးပမာဏပါ အကြံပြု ဖော်ပြထားတယ်လို့ ဆိုပါတယ်။ မိသားစု တစုအနေနဲ့ ၃ လစာအတွက် အမေရိကန်ဒေါ်လာ ၅၀၀ ကို ကူညီနိုင်ပြီး၊ ဒဏ်ရာရသူ တဦးကို ဆေးကုသဖို့ကတော့ ပျမ်းမျှအားဖြင့် ဒေါ်လာ ၁၅၀ လိုအပ်တယ်လို့ အဲဒီ လက်ကမ်း စာစောင်မှာ ဖော်ပြထားပါတယ်။

သူတို့အဖွဲ့အနေနဲ့ သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေအတွက် အကူအညီ တောင်းခံတဲ့ အစီအစဉ်ကို ပါကစ္စတန်နိုင်ငံအတွင်းက ခရိုင်တိုင်းမှာ ပြုလုပ်သွားမှာဖြစ်ကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရ Abdul Rahman က ပြောပါတယ်။

Jamaat ud Dawa အကြမ်းဖက် အဖွဲ့ခေါင်းဆောင် Hafiz Muhammad Saeed ကို အခုနှစ် အစောပိုင်းကတည်းက ပါကစ္စတန် အစိုးရက ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ဘယ်မှာရှိတယ်ဆိုတာကို သတင်းပေးနိုင်သူနဲ့ ဖမ်းဆီး ပေးနိုင်သူကို ဆုငွေ ဒေါ်လာ ၁၀ သန်းပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG