သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ပစ်ခံရတဲ့ ပါကစ္စတန်မိန်ကလေး အခြေအနေတိုးတက်


မာလာလာ ကို Queen Elizabeth ဆေးရုံမှာ ပါကစ္စတန်သမ္မတ Asif Ali Zardari (ဝဲ) လာရောက် တွေ့ဆုံစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မာလာလာ ကို Queen Elizabeth ဆေးရုံမှာ ပါကစ္စတန်သမ္မတ Asif Ali Zardari (ဝဲ) လာရောက် တွေ့ဆုံစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။

တာလီဘန်တွေရဲ့လက်ချက်ကြောင့် ဆိုးဆိုးရွားရွား ရခဲ့တဲ့ ဒဏ်ရာတွေကို ဗြိတိန်နိုင်ငံမှာ ကုသနေတဲ့ ပါကစ္စတန်က ဆယ်ကျော်သက် မိန်းကလေးဟာ ခွဲစိတ်ကုသမှု ၂ ခုကို အောင်အောင်မြင်မြင် လုပ်ခဲ့ပြီး တိုးတက်မှုတွေ ရှိနေတယ်လို့ ဆရာဝန်တွေက ပြောလိုက်ပါတယ်။ အသက် ၁၅ နှစ်အရွယ် မာလာလာယူစွပ်ဇိုင် (Malala Yousufzai) ရဲ့ ကြေသွားတဲ့ ဦးခေါင်းခွံကို ပြန်လည် ပုံဖော်ခွဲစိတ်မှုနဲ့ နားပြန်ကြားနိုင်အောင် အစားထိုးကုသမှုတွေ လုပ်ခဲ့တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဘာမင်ဟမ် (Birmingham) မြို့မှာရှိတဲ့ Queen Elizabeth ဆေးရုံမှာ စနေနေ့က ၅ နာရီကြာအောင် ခွဲစိတ်ကုသမှု ၂ ခုကို လုပ်ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ မာလာလာ သတိကောင်းကောင်း ပြန်လည်လာပြီး ဆေးရုံဝန်ထမ်းတွေ၊ မိသားစုဝင်တွေကို စကားပြန်ပြောတဲ့အတွက် တိုးတက်တဲ့ လက္ခဏာဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့က ကျောင်းကပြန်လာတဲ့ မာလာလာ ကို တာလီဘန်သေနတ် သမားတွေက ခေါင်းကို သေနတ်နဲ့ အနီးကပ် ပစ်ခဲ့တာပါ၊ သေနတ်က ဦးခေါင်းခွံကိုပေါက်ပြီး ဦးနှောက်ကို ရှပ်ထိသွားတဲ့အတွက် အသက်ဘေးနဲ့ နီးခဲ့သလို နားတဘက်လည်း ကန်းသွားခဲ့ပါတယ်။ ပစ်ခတ်ခံရပြီး ရက်ပိုင်းအကြာမှာပဲ မာလာလာ ယူစွပ်ဇိုင် ကို ဗြိတိန်နိုင်ငံက ခေါ်ယူဆေးကုပေးနေတာ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ပညာသင်ကြားနိုင်ရေးကို ဒီမိန်းကလေးက လှုပ်ရှားဆောင်ရွက်နေတဲ့ အတွက် တာလီဘန်တို့ရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရတာဖြစ်ပါတယ်။

XS
SM
MD
LG