ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးကို လုပ်ကြံသူကို ထောက်ခံသူတွေကြောင့် သူ့အပေါ် အာဏာပိုင်တွေ တရားစီရင်ရေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေပါတယ်။
လူသတ်သမား မွမ်တပ်ဇ် ကာ့ဒရီ (Mumtaz Qadri) ကို ထောက်ခံသူတွေက ဒုတိယနေ့ ဆက်ပြီး ကြွေးကြော်သံတွေတိုင်၊ နှင်းဆီပွင့်ဖတ်တွေ ဖြန့်ကျဲပြီး စုဝေးခဲ့ကြတဲ့အတွက် ရဲတွေက သူ့ကို ရာဝါလ် ပဲန်ဒီမြို့ အကြမ်းဖက်မှု တိုက်ဖျက်ရေး တရားရုံးဆီ သယ်ဆောင်သွားဖို့ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။
အာဏာပိုင်တွေက အစ္စလာမ်မာဘတ်မြို့တော်ကနေ သိပ်အလှမ်းမဝေးတဲ့ ရာဝါလ် ပဲန်ဒီမြို့ဆီ ခေါ်သွားဖို့ ကြာသပတေးနေ့ အစောပိုင်းက စပြီး စီစဉ်ခဲ့ကြပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
ကာ့ဒရီကို ရုံးထုတ်ဖို့အတွက် အစ္စလာမ်မာဘတ် မြို့တော်ဆီကို မသွားနိုင်ဘူးလို့ တရားသူကြီးက ငြင်းဆန်ခဲ့ပါတယ်။