သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် သမ္မတဟောင်း ပြည်တော်ပြန်လာရင် ဖမ်းမည်

ပါကစ္စတန် သမ္မတဟောင်း ပြည်တော်ပြန်လာရင် ဖမ်းမည်
ပါကစ္စတန် သမ္မတဟောင်း ပြည်တော်ပြန်လာရင် ဖမ်းမည်

ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ်မူရှာရက်ဖ် (Pervez Musharraf) အနေနဲ့ ပြောထားတဲ့အတိုင်း တိုင်းပြည်ကို ပြန်ဝင်လာရင် အဖမ်းခံရမှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ တည်ဆဲဥပဒေတွေနဲ့အညီ သူ့အပေါ် ဖမ်းဝရမ်း ထုတ်ထားတဲ့အတိုင်း တိုင်းပြည်ကိုပြန်ရောက်တာနဲ့ ဖမ်းဆီး ထိန်းသိမ်းမယ်လို့ အစိုးရ အကျိုးဆောင်ရှေ့နေ ချောင်ဒရီဇူလ်ဖီကာ အလီ (Chaudhry Zulfiqar Ali) က သတင်းထောက်တွေကို စနေနေ့မှာ ပြောပါတယ်။

သမ္မတဟောင်း မူရှာရက်ဖ် အပေါ် ဖမ်းဝရမ်းထုတ်ထားတဲ့အထဲ ၂၀၀၇ ခုနှစ်က ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို (Benazir Bhutto) ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဆက်နွယ်နေတဲ့ စွပ်စွဲချက်လည်း ပါဝင်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဘူတို လုပ်ကြံ သတ်ဖြတ်ခံရမှုဟာ ပါကစ္စတန် တာလီဘန်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ မစ္စတာ မူရှာရက်ဖ်က ပြစ်တင် ပြောဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီ လုပ်ကြံသတ်ဖြတ်မှုမှာ သူကိုယ်တိုင် ပါဝင်နေတယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

မစ္စတာ မူရှာရက်ဖ်ဟာ ပါကစ္စတန်က ထွက်သွားတဲ့ ၂၀၀၈ ခုနှစ်ကစလို့ လန်ဒန်မြို့နဲ့ ဒူဘိုင်းတို့မှာ နေထိုင်နေတာပါ။ သူ့အနေနဲ့ ပါကစ္စတန်နိုင်ငံကို မကြာခင် ပြန်လာလိုတဲ့အကြောင်း သူကိုယ်တိုင်ကရော၊ သူနဲ့ နီးစပ်သူတချို့ကပါ အရိပ်အမွက် ပြောဆိုနေခဲ့တာပါ။

မစ္စတာ မူရှာရက်ဖ်အနေနဲ့ အခုလနှောင်းပိုင်းမှာ တိုင်းပြည်ကို ပြန်လာလိုတဲ့အကြောင်း ပါကစ္စတန် ရုပ်မြင်သံကြား သတင်းဌာနတစ်ခုကို ပြောခဲ့တယ်လို့ အေပီသတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ သူပြန်လာမယ့်ရက်ကို မကြာခင် ကြေညာမယ့်အကြောင်း သူနဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။

သူ့အနေနဲ့ ပြည်ပမှာ နေထိုင်နေတယ်ဆိုပေမဲ့လည်း ပါကစ္စတန်နိုင်ငံအတွင်းမှာရှိတဲ့ ပါကစ္စတန် နိုင်ငံလုံးဆိုင်ရာ မူစလင်အဖွဲ့ချုပ်ပါတီကို ဦးဆောင်နေဆဲ ဖြစ်ပါတယ်။ သူ့အနေနဲ့ ပါတီကို ဦးဆောင်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်လိုတဲ့အကြောင်း ပြောဆိုနေခဲ့တာပါ။

This item is part of
XS
SM
MD
LG