သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းမူရှရက်ဖ်ကို ဖမ်းဝရမ်းထုတ်

သမ္မတဟောင်းမူရှရက်ဖ်ကို ဖမ်းဝရမ်းထုတ်
သမ္မတဟောင်းမူရှရက်ဖ်ကို ဖမ်းဝရမ်းထုတ်

ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို (Benazir Bhutto) ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်တယ်ဆိုပြီး ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ် မူရှရက်ဖ် (Pervez Musharraf) ကို အကြမ်းဖက်မှုတားဆီးရေး ဆိုင်ရာတရားရုံးက ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

မစ္စတာ မူရှရက်ဖ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ တရားရုံးကိုလာဖို့ တရားသူကြီး ရာနာနီဆာအာမတ် (Rana Nisa Ahmad) က စနေနေ့က ဆင့်ခေါ်ပြီး ဒီဖမ်းဆီးမိန့်ကို ထုတ်ခဲ့တယ်လို့ဆိုပါတယ်။ မစ္စတာ မူရှရက်ဖ်ဟာ အင်္ဂလန်နိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာ ၂ နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

ရရယ်ပင်းဒီး (Rawalpindi) မြို့မှာ လူထုနဲ့ တွေ့ဆုံပွဲလုပ်နေစဉ် ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်မှုနဲ့ သေနတ်ပစ်တိုက်ခိုက်မှုတွေကြောင့် မစ္စ ဘူတို လုပ်ကြံခံ့ရပါတယ်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ပါကစ္စတန်ပြည်သူ့ပါတီခေါင်းဆောင် အဖြစ်နဲ့ မစ္စဘူတို က ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်း အလီဇာဒါရီ (Ali Zardari) က ဒီပါတီကို ဆက်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ လက်ရှိသမ္မတ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG