သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-ပါကစ္စတန် ဆွေးနွေးပွဲ အစီအစဉ်အပေါ်သဘောကွဲ


အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj (သြဂုတ် ၂၂၊ ၂၀၁၅)
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj (သြဂုတ် ၂၂၊ ၂၀၁၅)

အိန္ဒိယနဲ့ပါကစ္စတန်တို့အကြား ဆွေးနွေးပွဲအစီအစဉ်တွေအပေါ် အပြန်အလှန် အငြင်းပွားပြီးတဲ့နောက် အဆင့်မြင့် အစည်းအဝေး လုပ်မယ့်အစီအစဉ်ကို ပါကစ္စတန်က စနေနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။

နှစ်နိုင်ငံက လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်တွေဟာ သြဂုတ်လ ၂၃ နဲ့ ၂၄ ရက်နေ့တွေကျရင် နယူးဒေလီမြို့တော်မှာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားတာပါ။

ဆွေးနွေးပွဲကို အကြမ်းဖက်မှုဆိုင်ရာ ကိစ္စရပ်သက်သက်အပေါ်မှာပဲ အိန္ဒိယဘက်က အာရုံစိုက် ဆွေးနွေးချင်ပါတယ်။ ပါကစ္စတန်ကတော့ အထူးသဖြင့် ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှု အငြင်းပွားနေတာအပါအဝင် တခြားကိစ္စရပ်တွေကိုလည်း ဆွေးနွေးချင်ပါတယ်။ ကက်ရှ်မီးယားအရေးဟာ ၁၉၄၇ ခုနှစ်မှာ ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေး ရခဲ့ကြချိန်ကတည်းက နှစ်နိုင်ငံ အကြား တင်းမာမှုဖြစ်ရတဲ့ အရင်းခံအကြောင်းတခု ဖြစ်နေခဲ့တာပါ။ ဆွေးနွေးချင်တယ်ဆိုရင် သတင်းစကားနှစ်ခု ပါးချင်တဲ့အကြောင်း၊ တတိယလူကို ဖန်တီးခေါ်ဆောင်မလာဘဲ အိန္ဒိယနဲ့ ပါကစ္စတန်အကြား ဆွေးနွေးပွဲပဲ ဖြစ်သင့်ပြီးတော့ အကြောင်း အရာကလည်း အကြမ်းဖက်ဝါဒနဲ့ဆိုင်တာပဲ ဆွေးနွေးရမှာဖြစ်ကြောင်း၊ အဲဒီလို လုပ်မယ်ဆိုရင်တော့ လာဖို့ကြိုဆိုပါတယ်လို့ နယူးဒေလီမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေတဆင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj က ပါကစ္စတန် အမျိုးသားလုံခြုံရေး NSA အကြံပေးပုဂ္ဂိုလ် Sartaj Aziz ကိုပြောပါတယ်။

တတိယလူ ဆိုတာကတော့ အိန္ဒိယအုပ်ချုပ်မှုအောက် မှာရှိတဲ့ ကက်ရှ်မီးယားဒေသက သီးခြားခွဲထွက်ရေးဝါဒီ ခေါင်းဆောင်တွေကို ရည်ညွှန်းတာပါ။ ပါကစ္စတန် NSA အကြံပေး Aziz က အိန္ဒိယ NSA အကြံပေးနဲ့ မတွေ့ခင်မှာ အဲဒီခေါင်းဆောင်တွေကို တွေ့ဆုံဖို့ဆိုပြီး ဖိတ်ကြားခဲ့ပါတယ်။

XS
SM
MD
LG