သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပါကစ္စတန်လွှတ်တော် ရွေးကောက်ပွဲ အတိုက်အခံခေါင်းဆောင် Imran Khan အနိုင်ရ


ရွေးကောက်ပွဲအနိုင်ရ ပါကစ္စတန် အတိုက်အခံခေါင်းဆောင် Imran Khan

ပါကစ္စတန်နိုင်ငံက လွှတ်တော်ရွေးကောက်ပွဲမှာ နာမည်ကျော် ခရစ်ကတ် အားကစား သမားဟောင်း Imran Khan ဦးဆောင်တဲ့ ပါတီက အနိုင်ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်မှာ အများစုအဖြစ် အနိုင်မရတဲ့အတွက် ညွန့်ပေါင်းအစိုးရဖွဲ့ရမှာပါ။

Pakistan Tehreek-e-Insaf ပါတီ အနိုင်ရကြောင်း ပါတီခေါင်းဆောင် Khan က မနေ့တုန်းက ကြေညာခဲ့အပြီး နာရီပိုင်းအတွင်းမှာပဲ ကော်မရှင်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အနိုင်ရပါတီ ခေါင်းဆောင်အဖြစ် ရုပ်မြင် သံကြားက မိန့်ခွန်းပြောရာမှာတော့ အစိုးရအုပ်ချုပ်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီး ဆင်းရဲမွဲတေမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်သွားဖို့လည်း ကတိပြုခေဲ့တာပါ။

ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲ မဲရလဒ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက် ရေတွက်ပြီးချိန်မှာပဲ အနိုင်ရကြောင်း ပါတီခေါင်းဆောင် Khan က ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူ့ပါတီဟာ အဓိကပြိုင်ဘက်ဖြစ်တဲ့ အကျင့်ပျက် ခြစားမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံထားရသူ ၀န်ကြီးချုပ်ဟောင်း Nawaz Sharif ဦးဆောင်တဲ့ PML-N ထက် သိသိသာသာ အသာရထားတာပါ။ ဒါပေမဲ့လည်း အဓိကပြိုင်ဘက် နိုင်ငံရေးပါတီ အားလုံးနီးပါး ကတော့ ရွေးကောက်ပွဲမှာ Khan ရဲ့ ပါတီ အနိုင်ရအောင် မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။

ပါကစ္စတန်ရွေးကောက်ပွဲ ကော်မရှင်ကတော့ စွပ်စွဲချက်တွေကို လက်မခံခဲ့သလို ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ လွတ်လပ်ပြီး မျှတမှုရှိကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌ Sardar Mohammad Raza ကအပြင်းအထန် ကာကွယ် ပြောဆို ခဲ့တာပါ။ ရွေးကောက်ပွဲမှာ ရာနှုန်းပြည့် ပွင့်လင်းမြင်သာပြီး၊ မျှတမှုရှိခဲ့ကြောင်းလည်း မနေ့ တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ဗုဒ္ဓဟူးနေ့က မဲရုံတွေပိတ်ပြီး မဲတွေစတင်ရေတွက်ချိန်မှာ အီလက် ထရောနစ်စနစ် ချို့ယွင်းမှုကြောင့် ရွေးကောက်ပွဲ ရလဒ်တချို့ကို ထုတ်ပြန်ဖို့ နှောင့်နှေးမှုတွေ ရှိခဲ့ကြောင်းလည်း ကော်မရှင်က အတည်ပြုပြောဆိုခဲ့တာပါ။

အနိုင်ရပါတီခေါင်းဆောင် Khan ကတော့ ပါကစ္စတန် နိုင်ငံမှာ အသန့်ရှင်းဆုံး ရွေးကောက်ပွဲအဖြစ် ပြောဆိုခဲ့သလို မဲမသမာမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရာမှာ လိုအပ်သလို ကူညီဖို့လည်း ကတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG