သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျတဲ့လေကြောင်းပိုင်ရှင် ပြည်ပထွက်ခွင့် ပါကစ္စတန်ပိတ်ပင်


ခရီးသည်ပေါင်း ၁၂၇ ယောက် သေဆုံးခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း လေကြောင်းလိုင်း ပိုင်ရှင်အနေနဲ့ နိုင်ငံကနေ ထွက်ခွာမသွားဖို့ ပါကစ္စတန် အာဏာပိုင်တွေက တားမြစ်လိုက်ပါတယ်။

လေယာဉ်ပေါ်လိုက်ပါလာသူ အားလုံး သေဆုံးသွားခဲ့ရတဲ့ သောကြာနေ့က ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေချိန်မှာ မစ္စတာ Farooq Bhoja အနေနဲ့ ပါကစ္စတန်ကနေ ထွက်ခွာမသွားဖို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက တားမြစ်ခဲ့တာပါ။

Boeing 737 ဂျက်လေယာဉ်ဟာ တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ကရာချိကနေ အစ္စလာမ်မာဘတ်မြို့တော်ကို သောကြာနေ့က ထွက်ခွာလာပြီး မုန်တိုင်းဝင်လာစဉ်မှာ အစ္စလာမ်မာဘတ်မြို့က နိုင်ငံတကာလေယာဉ်ကွင်းကို ဆင်းကာနီးမှာပဲ ပျက်ကျသွားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုခဲ့ပါတယ်။ လေကြောင်းအရာရှိကတော့ ရာသီဥတု ဆိုးရွားမှုကြောင့် အခုလို ပျက်ကျခဲ့ရတာဖြစ်တယ်လု့ိ ပြောဆိုခဲ့ပေမဲ့ စုံစမ်းစစ်ဆေးနေဆဲမို့ ပျက်ကျရတဲ့အကြောင်းအရင်းကို မဆုံးဖြတ်ရသေးပါဘူး။ စုံစမ်းစစ်ဆေးမှုမှာ အဓိကကျတဲ့ လေယာဉ်မှာပါတဲ့ လေကြောင်းမှတ်တမ်းစနစ်ဟာ အခုတော့ ပြန်ကောင်းလာနေပြီလို့လည်း ဆိုပါတယ်။

စနေနေ့ကတော့ စစ်သားတွေရော အရေးပေါ်လုပ်သားတွေပါ အပျက်အဆီးပုံတွေ ကြားထဲမှာ အလောင်းတွေကို ရှာဖွေနေကြပါတယ်။

အခု ပျက်ကျခဲ့တဲ့ Bhoja လေကြောင်းလိုင်းဟာဆိုရင် ၁၀ နှစ်ကျော်ကျော် လုပ်ငန်းတွေကို ရပ်ဆိုင်းနေခဲ့တာပါ။ ဒါပေမဲ့ တော်တော်များများက ဘိုရင်း လေကြောင်းကို ပြန်သုံးလာတဲ့အတွက် ပြီးခဲ့တဲ့လကပဲ လုပ်ငန်းတွေကို ပြန်စတင်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG