သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစွဲခံရမည့်ကိစ္စ ပါကစ္စတန်ဝန်ကြီးချုပ် အယူခံ

တရားစွဲခံရမည့်ကိစ္စ ပါကစ္စတန်ဝန်ကြီးချုပ် အယူခံ
တရားစွဲခံရမည့်ကိစ္စ ပါကစ္စတန်ဝန်ကြီးချုပ် အယူခံ

မထေမဲ့မြင်မှု စွပ်စွဲချက်နဲ့ တရားရုံးရှေ့မှောက် ဆင့်ခေါ်ထားတဲ့ အမိန့်အပေါ် ပါကစ္စတန် ဝန်ကြီးချုပ် Yousuf Raza Gilani က တရားရုံးချုပ်မှာ အယူခံတင်သွင်း လိုက်ပါတယ်။

သမ္မတ Asif Ali Zardari အပါအဝင် လူရာပေါင်းများစွာ အပေါ် အကျင့်ပျက် ခြစားမှု အမှုဟောင်းတွေကို ပြန်လည်ဖွင့်လှစ် စစ်ဆေးဖို့ တရားရုံးချုပ်က အစောပိုင်းမှာ ဆုံးဖြတ်ထားတဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး ဝန်ကြီးချုပ် အပေါ် မထေမဲ့မြင်မှုနဲ့ စွပ်စွဲထားတာပါ။

အမှုတွေအတွက် ဝန်ကြီးချုပ်ကို ဒီလ ၁၃ ရက်နေ့ တရားရုံးရှေ့မှောက် လာရောက်ဖို့လည်း တရားရုံးချုပ်က ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က တင်သွင်းတဲ့ အယူခံထဲမှာတော့ မထေမဲ့မြင်မှု စွပ်စွဲချက်ဟာ ခိုင်လုံမှု မရှိကြောင်း ချေပချက်တွေလည်း ပါဝင်တယ်လို့ ဝန်ကြီးချုပ်ရဲ့ အကျိုးဆောင် ရှေ့နေ Aitzaz Ahsan ကပြောခဲ့တာပါ။

အယူခံကိုတော့ ဒီကနေ့ ကြာသပတေးနေ့မှာ တရားသူကြီး ၈ ဦး ပါဝင်တဲ့ အဖွဲ့က ကြားနာမှာ ဖြစ်တဲ့အကြောင်း တရားရုံးချုပ်က ပြောပါတယ်။

တရားရုံး မထေမဲ့မြင်မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်မယ် ဆိုရင်တော့ ဝန်ကြီးချုပ်ဟာ ရာထူးက ပြုတ်ပြီး ပြစ်ဒဏ် ကျခံရမှာပါ။ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက သမ္မတ Zardari နဲ့ ပါကစ္စတန် အရာရှိ အတော်များများအပေါ် အဂတိလိုက်စားမှု စွပ်စွဲချက်တွေကိုတော့ ၂၀၀၇ ခုနှစ်တုန်းက အချေအတင် ဖြစ်စရာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပလပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တရားရုံးချုပ်က လွတ်ငြိမ်း ချမ်းသာခွင့်ကို ပယ်ဖျက်လိုက်ပြီး ၂၀၀၉ ခုနှစ်မှာ အမှုတွေကို ပြန်လည်စစ်ဆေးဖို့ အစိုးရကို ညွန်ကြားခဲ့တာပါ။

ဝန်ကြီးချုပ်ကတော့ အခြေခံဥပဒေမှာ သမ္မတတာဝန် ယူထားသူအပေါ် အရေးယူဖို့ ခွင့်ပြုမထားဘူးဆိုပြီး ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG