သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်သစ် ကျန်းသစ္စာကျိန်ဆိုပွဲ ပါကစ္စတန်ဝန်ကြီးချုပ် တက်မည်


အိန္ဒိယဝန်ကြီးချုပ်သစ်အဖြစ် ကျန်းသစ္စာကျိန်ဆိုတော့မယ့် ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်တဲ့ မစ္စတာ Narendra Modi ကိုထောက်ခံသူတွေက ပေးပို့တဲ့ပန်းကုန်းနဲ့အတူ။
အိန္ဒိယဝန်ကြီးချုပ်သစ်အဖြစ် ကျန်းသစ္စာကျိန်ဆိုတော့မယ့် ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်တဲ့ မစ္စတာ Narendra Modi ကိုထောက်ခံသူတွေက ပေးပို့တဲ့ပန်းကုန်းနဲ့အတူ။
အိန္ဒိယနိုင်ငံမှာ တနင်္လာနေ့ကျရင်ကျင်းပမယ့် ဝန်ကြီးချုပ်အသစ် နရိန္ဒရာ မိုဒီ (Narendra Modi) ရဲ့ ကျန်းသစ္စာ ကျိန်ဆိုပွဲကိုပါကစ္စတန်ဝန်ကြီးချုပ် နဝပ်ရှရစ်ဖ် (Nawaz Sharif) တက်ရောက်မယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

အခမ်းအနားတက်ရောက်ဖို့အတွက် အိန္ဒိယအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်မှာပဲ လှမ်းပြီးတော့ ဖိတ်ကြားတယ်လို့ မစ္စတာရှရစ်ဖ်ရဲ့ရုံးက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန်သွားပါတယ်။ ပြိုင်ဘက် နှစ်နိုင်ငံကြားမှာ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ကျန်းသစ္စာကျိန်ဆိုပွဲကို ပါကစ္စတန်ခေါင်းဆောင် တက်ရောက်တာဟာ ဒါ ပထမဦးဆုံးအကြိမ် ဖြစ်မှာပါ။

အခုလို လာရောက်မှုဟာလည်း အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံကြား ဆက်ဆံရေးလမ်းသစ်ရဲ့ အထိမ်းအမှတ်ဖြစ်တယ်လို့ မစ္စတာမိုဒီရဲ့ အနိုင်ရ Bharatiya Janata ပါတီပြောခွင့်ရသူ Praash Javadekar က သတင်းထောက်တွေကို ပြောပါတယ်။

ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံ မတည့်ကြတာ ကာလအတော်ကြာခဲ့ပြီဖြစ်ပြီး ဗြိတိသျှ လက်အောက်ကနေ ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးရပြီး နောက်ပိုင်း ဒီနှစ်နိုင်ငံကြား စစ်ပွဲ သုံးကြိမ်ဖြစ်ခဲ့ပြီးပါပြီ။ နျူကလီယားလက်နက် အသီးသီးပိုင်ဆိုင်တဲ့ သူတို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွတွေရဲ့ လက်ချက်ဆိုပြီး အပြစ်တင်ကြတဲ့ ၂၀၀၈ မွန်ဘိုင်းမြို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးခဲ့ကတည်းက အထူးပိုပြီးတော့ တင်းမာနေခဲ့တာပါ။
XS
SM
MD
LG