သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ် တရားရုံးမှာ စစ်ဆေးခံမည်


ပါကစ္စတန်ဝန်ကြီးချုပ် တရားရုံးမှာ စစ်ဆေးခံမည်
ပါကစ္စတန်ဝန်ကြီးချုပ် တရားရုံးမှာ စစ်ဆေးခံမည်

သမ္မတ အဆစ်ဖ်အလီ ဇာဒါရီ (Asif Ali Zardari) အပေါ် စွဲဆိုထားတဲ့ လာဘ်ပေးလာဘ်ယူမှုကို ပြန်ဖွင့်ဖို့ တရားရုံးက အမိန့်ပေးခဲ့တာကို ပျက်ကွက်ခဲ့တဲ့ အတွက်ကြောင့် တရားရုံးအပေါ် မထေမဲ့မြင်ပြုမှုနဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ယူစွပ်ရာဇာဂီလာနီ (Yousuf Raza Gilani) ဟာ တရားရုံးချုပ်ကို သွားမယ်လို့ မစ္စတာ ဂီလာနီက တနင်္လာနေ့က ပြောပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့မှာ တရားရုံးကို လာဖို့ တရားလွှတ်တော်ချုပ်က မစ္စတာ ဂီလာနီကို ဆင့်ခေါ်ခဲ့တာပါ။ တကယ်လို့ မထေမဲ့မြင်ပြုမှု မြောက်ခဲ့ရင် မစ္စတာ ဂီလာနီ ထောင်ကျနိုင်ပြီး ရာထူးက ပြုတ်သွားမှာ ဖြစ်ပါတယ်။

လက်ရှိသမ္မတ မစ္စတာ ဇာဒါရီ ကို ငွေမဲ ခဝါချမှုနဲ့ ဆွစ်ဇာလန် တရားရုံးက ၂၀၀၃ ခုနှစ်မှာ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ မစ္စတာ ဇာဒါရီ နဲ့ သူ့ဇနီး ယခင် ဝန်ကြီးချုပ် ဘနာဇီယာ ဘူတို တို့က အယူခံဝင်ခဲ့ကြပြီး ဆိုင်းငံ့ထားခဲ့ရာက ၂၀၀၈ ခုနှစ်မှာ ပါကစ္စတန် အစိုးရရဲ့ တောင်းဆိုချက်အရ အမှုကို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအမှုကို ပြန် ဆက်စစ်ဖို့ ဆွစ်ဇာလန် အာဏာပိုင်တွေကို တိုက်တွန်းဖို့ တရားရုံးက ပါကစ္စတန် အစိုးရကို အမိန့်ပေးခဲ့ပေမဲ့ အစိုးရက ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တရာရုံးကို မထေမဲ့မြင်မှု နဲ့ မစ္စတာ ဂီလာနီ ကို စွဲဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတော် အကြီးအကဲ တစ်ယောက်အနေနဲ့ မစ္စတာ ဇာဒါရီမှာ တရားစွဲဆိုခံရခြင်းက ကင်းလွတ်ခွင့် ရှိတယ်လို့ အစိုးရက ပြောပါတယ်။ ပါကစ္စတန်တရားရုံးက အခုလို ဆင့်ခေါ်ပြီး နာရီအတော်ကြာမှာပဲ မစ္စတာ ဂီလာနီအစိုးရကို အပြည့်အ၀ ထောက်ခံကြောင်း ပါကစ္စတန်ပါလီမန်ကနေ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ အတိုက်အခံအမတ်တွေက မဲမပေးဘဲ ပါလီမန်ကနေ ထွက်သွားကြပါတယ်။ မစ္စတာ ဂီလာနီရဲ့ အာဏာရ ပါကစ္စတန်ပြည်သူ့ပါတီ နဲ့ မဟာမိတ်ပါတီတွေက အမတ်တွေက ဆုံးဖြတ်ချက်ကို ချခဲ့ကြတာပါ။ အခု ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းတွေကို ခိုင်မာစေပြီး လွှတ်တော်ရဲ့ အချုပ်အချာအာဏာကို ပြသရာရောက်လိမ့်မယ်လို့ ဆုံးဖြတ်ချက်မှာ ပြောကြားခဲ့ပါတယ်။

လက်ရှိ အစိုးရနဲ့ စစ်တပ်ကြား တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ ခုလို တရားရုံးက အမိန့်ပေးလိုက်တဲ့ အတွက်ကြောင့် ပါကစ္စတန် အရပ်သား အစိုးရ အနေနဲ့ ဖိအားတွေကို ပိုပြီးရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG