သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မထေမဲ့မြင်မှုနဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ကို အရေးယူ

မထေမဲ့မြင်မှုနဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ကို အရေးယူ
မထေမဲ့မြင်မှုနဲ့ ပါကစ္စတန် ဝန်ကြီးချုပ်ကို အရေးယူ

ပါကစ္စတန်ဝန်ကြီးချုပ် ယူစွပ်ရာဇာဂီလာနီ (Yusuf Raza Gilani) ဟာ တနင်္လာနေ့က ပါကစ္စတန် တရားရုံးချုပ်က တရားခွင်မှာ သူဟာ အပြစ်မရှိကြောင်း ထွက်ဆိုသွားပါတယ်။ တရားရုံးတော်ကို မထီမဲ့မြင်ပြုကြောင်း ပါကစ္စတန် တရားရုံးက ထောက်ပြခဲ့တာကို သူက အခုလို ပြန်ပြီး ချေပခဲ့တာပါ။ မစ္စတာ ဂီလာနီ အနေနဲ့ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင်တော့ သူ့ကို ရာထူးကနေ ဖယ်ရှားပြီး ထောင်ချခံရမှာဖြစ်ပါတယ်။

မစ္စတာ ဂီလာနီ ဟာ ၁၉၉၀ ခုနှစ်တွေကတည်းက စပြီး သူ့ရဲ့ အကျင့်ပျက် ချစားတွေနဲ့ ပက်သက်ပြီး တရားရုံးတော်မှာ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအမှုဟာ ပါကစ္စတန် သမ္မတ အဆစ်ဖ်အလီဇာဒါရီ (Asif Ali Zardari)၊ ယခင် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတို (Benazir Bhutoo) နဲ့ ဒီအမှုမှာ ပါဝင် ပတ်သက်နေသူတွေကို Swiss ဘဏ်မှာ အပ်နှံထားတဲ့ ဒေါ်လာ သန်းပေါင်းများစွာ ငွေကြေးခဝါချမှု နဲ့ အစိုးရရှေ့နေတွေဘက်က စွဲချက်တင်ထားတဲ့ အမှုဖြစ်ပါတယ်။ ပါကစ္စတန် သမ္မတ ဇာဒါရီ ရဲ့ ဇနီးဖြစ်သူ ဘူတို ဟာ ၂၀၀၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတာပါ။

မစ္စတာ ဇာဒါရီ နဲ့ တခြား ဒီအမှုမှာ ပါဝင် ပတ်သက်နေသူတွေကို အစောပိုင်း ၂၀၀၇ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အမှုကို ရုပ်သိမ်းခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ တရားရုံးက အမှုကို ပြန်ဖွင့်ပြီး စစ်ဆေးခဲ့တာပါ။ မစ္စတာ ဇာဒါရီဟာ သမ္မတတာဝန် ထမ်းဆောင်နေစဉ်အတွင်း ဥပဒေကြောင်းအရ ကင်းလွတ်ခွင့် ရှိတဲ့အတွက် ဝန်ကြီးချုပ် ဂီလာနီ က သူ့အနေနဲ့ ဒီအမှုမှာ ပူးပေါင်းဖြေရှင်းဖို့ ငြင်းဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG