သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အစိုးရသစ် စစ်သွေးကြွပြဿနာကိုဖြေရှင်းမည်


ပါကစ္စတန်ဝန်ကြီးချုပ်သစ် Nawaz Sharif ဟာ နိုင်ငံတွင်းရင်ဆိုင်နေရတဲ့ စီးပွားရေးကျဆင်းမှု၊ စွမ်းအင်ပြဿနာနဲ့ စစ်သွေးကြွအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းသွားနိုင်ဖို့ အတွက် ပြည်ထောင်စု အစိုးရဝန်ကြီးအဖွဲ့ဝင် ၂၅ ဦးကို သောကြာနေ့က မိတ်ဆက်ပေးလိုက်ပါတယ်။ အမျိုးသမီးနှစ်ဦးအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေဟာ သမ္မတ Asif Ali Zardari ရဲ့ သမ္မတအိမ်တော်မှာ အခမ်းအနားနဲ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဝန်ကြီးချုပ် Sharif နဲ့ ပါကစ္စတန်စစ်တပ် ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အစိုးရဝန်ကြီးအဖွဲ့သစ်မှာ ပါဝင်သူတွေဟာ ဝန်ကြီးချုပ် Sharif ရဲ့ လက်ရှိအာဏာရ ပါကစ္စတန် မူစလင်အဖွဲ့ချုပ် ပါတီက အကြီးတန်းခေါင်းဆောင်တွေဖြစ်ကြပြီး၊ အများစုဟာ ဝန်ကြီးချုပ်ကို ထောက်ခံအားပေးနေသူတွေဖြစ်ပါတယ်။ သူတို့ဟာ ပါကစ္စတန်ပြည်သူတွေရင်ဆိုင်နေရတဲ့ စီးပွားရေး၊ စွမ်းအင်ဆိုင်ရာပြဿနာတွေနဲ့ တခြားကိစ္စရပ်တွေကို ကိုင်တွယ်ရာမှာ အတွေ့အကြုံ ရှိထားသူတွေလည်း ဖြစ်ပါတယ်။ ဒီအထဲမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း Isad Dar လည်း ပါဝင်ပါတယ်။

ပါကစ္စတန် ဝန်ကြီးချုပ် Nawaz Sharif ဟာ ပြီးခဲ့တဲ့မေလ ၁၁ ရက် လွှတ်တော် ရွေးကောက်ပွဲမှာ တတိယအကြိမ် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်ဖို့ ရွေးကောက်တင်မြောက်ခံခဲ့ရသူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG