သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ် နိုင်ငံရေးပါတီထောင်

ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ် နိုင်ငံရေးပါတီထောင်
ပါကစ္စတန်သမ္မတဟောင်း မူရှာရက်ဖ် နိုင်ငံရေးပါတီထောင်

ပါကစ္စတန်သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ် (Pervez Musharraf) က နိုင်ငံရေးပါတီသစ်တခုကို တည်ထောင်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် သူ မပြန်ခင်မှာ ထောက်ခံမှုရဖို့မျှော်လင့်ပြီး အခုလို ပါတီထောင်လိုက်တာ ပါ။

ပါကစ္စတန်နိုင်ငံလုံးဆိုင်ရာ မူစလင်အဖွဲ့ချုပ်ဆိုတဲ့ ပါတီကို တည်ထောင်လိုက်တဲ့အကြောင်း မစ္စတာမူရှာရက်ဖ်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က သမ္မတရာထူးကနေ နှုတ်ထွက်ပြီးတဲ့နောက် သူ့ကို အရေးယူဖို့ လုပ်လာတဲ့အချိန်မှာ နိုင်ငံ ကနေ ထွက်သွားပြီးကတည်းက ပြည်ပြေးအဖြစ်နေထိုင်နေတဲ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကနေ ကြေညာချက်ထုတ်ခဲ့တာပါ။

အတိတ်ကမှားယွင်းခဲ့တာတွေအတွက် သမ္မတဟောင်းက တောင်းပန်စကားဆိုခဲ့ပြီး နိုင်ငံကို အောင်မြင်အောင်လုပ်ဆောင်ဖို့ သူ့ကို နောက်ထပ်အခွင့်အရေးတခုပေးပါလို့ ပန်ကြားခဲ့ပါတယ်။ မတည်ငြိမ်တဲ့နိုင်ငံရေးနဲ့ ပျက်စီးနေတဲ့စီးပွားရေးလို ပါကစ္စတန်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ရာမှာ အားကောင်းတဲ့စစ်တပ်ဟာ အဓိကကျတယ်လို့ သူကပြောပါတယ်။

နိုင်ငံတော်ပုန်ကန်မှုဆိုင်ရာ စွဲချက်တွေ၊ လုပ်ကြံခံရနိုင်တဲ့အလားအလာတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း သူ ပါကစ္စတန်နိုင်ငံဆီ ပြန်နိုင်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း အသက် ၆၇ နှစ်အရွယ် မစ္စတာမူရှာရှက်ဖ်က ပြောခဲ့ပါတယ်။

ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေတဲ့အချိန် ၁၉၉၉ ခုနှစ်က သွေးထွက်သံယိုမရှိ အာဏာသိမ်းပြီး သူ သမ္မတဖြစ်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာတော့ ရာထူးက နှုတ်ထွက်ပေးခဲ့ပါတယ်။

This item is part of
XS
SM
MD
LG