သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညွန့်ပေါင်းမဟာမိတ် နှုတ်ထွက်၍ ပါကစ္စတန် အစိုးရ အခက်ကြုံ


ညွန့်ပေါင်းမဟာမိတ် နှုတ်ထွက်၍ ပါကစ္စတန် အစိုးရ အခက်ကြုံ
ညွန့်ပေါင်းမဟာမိတ် နှုတ်ထွက်၍ ပါကစ္စတန် အစိုးရ အခက်ကြုံ

ပါကစ္စတန်နိုင်ငံမှာ အာဏာရ ညွန့်ပေါင်းအစိုးရကနေ အဓိကပါတီကြီးတခု ထွက်သွားတဲ့အတွက် လွှတ်တော်တွင်း လူနည်းစု ဖြစ်သွားတဲ့ ပါကစ္စတန် အစိုးရဟာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် အခက်အခဲ ဖြစ်နေပါတယ်။

ဖြစ်နိုင်ချေရှိတဲ့ အယုံအကြည်မရှိ မဲတွေကို ရှောင်ရှားနိုင်ဖို့နဲ့ ညွန့်ပေါင်းအစိုးရ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီက ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က မနေ့က အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံပြီးတဲ့အခါ ဝန်ကြီးချုပ် ဂီလာနီက အတိုက်အခံတွေဟာ ဒီမိုကရေစီ လမ်းလွဲသွားမှာကို မလိုလားကြောင်းနဲ့ နိုင်ငံရေး အခြေအနေတွေကို ဒီနေ့ ဆက်ဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပါကစ္စတန် ညွန့်ပေါင်းအစိုးရကနေ ဒုတိယ အကြီးဆုံး ပါတီဖြစ်တဲ့ MQM ပါတီ ထွက်သွားတဲ့အတွက် ပါကစ္စတန် အစိုးရအဖို့ နိုင်ငံရေးအရ အကြီးအကျယ် အထိနာခဲ့ရပါတယ်။ MQM ပါတီဟာ အကောက်ခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ လောင်စာဆီ ဈေးမြင့်လာမှုနဲ့ လုံခြုံရေးမှာ တိုးတက်မှု ရှိလာဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ ကတောက်ကဆ ဖြစ်လာနေခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG