သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ခေါင်းဆောင်များ နှုတ်ထွက်ရန် ဖိအားပေးခံရ

ပါကစ္စတန် ခေါင်းဆောင်များ နှုတ်ထွက်ရန် ဖိအားပေးခံရ
ပါကစ္စတန် ခေါင်းဆောင်များ နှုတ်ထွက်ရန် ဖိအားပေးခံရ

ပါကစ္စတန်နိုင်ငံမှာ အယ်လ်ခိုင်းဒါး (al-Qaida) ခေါင်းဆောင် ဘင်လာဒင် (Osama bin Laden) ကို အမေရိကန်က တိုက်ခိုက်အပြီးမှာပဲ ပါကစ္စတန် လွှတ်တော်အမတ်တွေက သမ္မတ အဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zardari) နဲ့ ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) အခြား ထိပ်တန်း အရာရှိတွေ နှုတ်ထွက်ပေးကြဖို့ တောင်းဆိုလိုက်ကြပါတယ်။

အဓိက ပါလီမန် အတိုက်အခံခေါင်းဆောင် ချောင်ဒရီ နီဆာ အလီ (Chaudhry Nisar Ali) က အခုလို တိုက်ခိုက်တာကို ရပ်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ မရပ်နိုင်ခဲ့တာကို တာဝန်ယူ၊ တာဝန်ခံမှု ပြတဲ့အနေနဲ့ နှုတ်ထွက်သင့်တယ်လို့ ဆိုလိုက်ပါတယ်။

မနေ့က ပါကစ္စတန် ကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အက်ရှ်ဖက် ကာယာနီ (Ashfaq Kayani) ဟာ မစ္စတာ ဇာဒါရီနဲ့ မစ္စတာ ဂီလာနီတို့နဲ့ တွေ့ပြီး အမေရိကန်ရဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့မှုကို ဆွေးနွေးခဲ့ကြပါတယ်။

တနင်္လာနေ့ မနက်စောစောပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုထဲမှာ အမေရိကန် ဟယ်လီကော့ပ်တာ ရဟတ်ယာဉ်တွေနဲ့ အထူးလေ့ကျင့်ထားတဲ့ စစ်တပ်ဖွဲ့တခုကို အဘော့တာဘက် (Abbottabad) မြို့က ဘင်လာဒင်ရဲ့ ခြံဝင်းထဲကို သယ်ဆောင်လာခဲ့ပါတယ်။

ပါကစ္စတန်ဘက်ကတော့ အမေရိကန် အနေနဲ့ ပါကစ္စတန် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရှိဘဲ တဖက်သတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်၊ ဒီလို တိုက်ခိုက်မှုမျိုးကြောင့် အခြားနိုင်ငံတွေမှာလည်း လုပ်လို့ရတယ်လို့ အစဉ်အလာ ဖြစ်မသွားစေချင်ဘူးလို့ သူတို့ရဲ့ စိုးရိမ်ချက်ကို ထုတ်ဖော်ခဲ့ပါတယ်။

ဒီနေရာမှာ ပါကစ္စတန် အစိုးရနဲ့ စစ်တပ်အနေနဲ့ အဘော့တာဘက်မြို့က ခြံဝင်းထဲမှာ ဘင်လာဒင် ပုန်းနေတာ မသိခဲ့ကြဘူးလားဆိုတဲ့ မေးခွန်းတွေလည်း များစွာ ထွက်ပေါ်နေပါတယ်။ ဒီမြို့ဟာ မြို့တော် အစ္စလာမ်မာဘတ်ရဲ့ မြောက်ဘက် အနီးနားလေးမှာပဲ ရှိပါတယ်။

This item is part of
XS
SM
MD
LG