သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ထောင်ဖောက် လူ ၃၀၀ ကျော် ထွက်ပြေး


ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဒေသမှာရှိတဲ့ အကျဉ်းထောင်တခုကို သောင်းကျန်းသူ ၁၅၀ လောက်က သေနတ်တွေ၊ အာပီဂျီတွေနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အကျဉ်းသား ၃၈၀ လောက် လွတ်မြောက်သွားပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုက လွတ်မြောက်သွားကြတဲ့ အကျဉ်းသား အတော်များများဟာ စစ်သွေးကြွတွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ လွတ်မြောက်သွားသူတွေထဲက အကျဉ်းသား ၂၀ လောက်ဟာ အန္တရာယ်ရှိတဲ့သူတွေ ဖြစ်တယ်လို့ အကျဉ်းထောင် အရာရှိတွေက ပြောပါတယ်။

လွှတ်သွားတဲ့ အကျဉ်းသားတယောက်ဟာ ပါကစ္စတန်သမ္မတဟောင်း Pervez Musharraf ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ သေဒဏ် အပြစ်ပေးခံထားရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ အကျဉ်းထောင် တိုက်ခိုက်မှုကို သူတို့ပြုလုပ်ခဲ့တာလို့ တာလီဘန်အဖွဲ့က ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း တာလီဘန်နဲ့ al-Qaida အဖွဲ့တွေ ခြေကုပ်ယူထားတဲ့ မြောက် Waziristan ဒေသမှာရှိတဲ့ Bannu မြို့က အဲဒီ အကျဉ်းထောင်မှာ အကျဉ်းသား တစ်ထောင်လောက်ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG