သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အဝေးထိန်းဒုံး တိုက်ခိုက်မှုများ ပါကစ္စတန်မှာ ဆန္ဒပြကန့်ကွက်


အမေရိကန် မောင်းသူမဲ့လေယာဉ် အဝေးထိန်းဒုံးနဲ့ တိုက်ခိုက်မှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ ပါကစ္စတန် နိုင်ငံရေးသမား Imran Khan။ (အောက်တိုဘာလ ၆ ရက်၊ ၂၀၁၂)။
အမေရိကန် မောင်းသူမဲ့လေယာဉ် အဝေးထိန်းဒုံးနဲ့ တိုက်ခိုက်မှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ ပါကစ္စတန် နိုင်ငံရေးသမား Imran Khan။ (အောက်တိုဘာလ ၆ ရက်၊ ၂၀၁၂)။
ပါကစ္စတန်နိုင်ငံမှာ Cricket အားကစားသမားဘ၀ ကနေ နိုင်ငံရေးသမားဖြစ်လာသူ Imran Khan က အမေရိကန် မောင်းသူမဲ့လေယာဉ် အဝေးထိန်းဒုံးနဲ့ တိုက်ခိုက်မှုကို ကန့်ကွက်တဲ့ အနေနဲ့ မော်တော်ယဉ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြပွဲကို ဦးဆောင်နေပါတယ်။

Imran Khan ရဲ့ တရားမျှတရေးပါတီ လှုပ်ရှားမှုအဖြစ် ဒီနေ့ စနေနေ့မှာ အစ္စလာမ်မာဘတ် မြို့တခွင် မော်တော်ကားတွေနဲ့ စီတန်း လှည့်လည်ရာမှာ ဒေသခံလှုပ်ရှားသူတွေနဲ့ အတူ အနောက်နိုင်ငံသားတွေလည်း ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန် မောင်းသူမဲ့လေယာဉ် အဝေးထိန်းဒုံးနဲ့ မကြာခဏ တိုက်ခိုက်လေ့ရှိတဲ့ အာဖဂန်နယ်စပ်၊ တောင်ပိုင်း ဝါဇီရီ စတန်ခရိုင်ကို ဦးတည်ပြီး မော်တော်ကားတွေ မောင်းနှင်ခဲ့ကြပါတယ်။ တာလီဘန်တွေနဲ့ တခြား အစ္စလာမ် စစ်သွေးကြွတွေက ဒီယာဉ်တန်းကို တိုက်ခိုက်နိုင်တယ်လို့ စိုးရိမ်နေကြတာကို Imran Khan က လက်မခံပါဘူး။

Imran Khan ဟာ အနောက်တိုင်းဆန်ပြီး ဘာသာရေး အယူသီးသူ မဟုတ်တဲ့အတွက် တာလီဘန်တွေ အနေနဲ့ လုံခြုံရေး တာဝန်ယူပေးမှာ မဟုတ်ဘူးလို့ ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူက မနေ့က ပြောပါတယ်။
XS
SM
MD
LG