သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတွေကြောင့် ပါကစ္စတန်တရားရေးဝန်ကြီး နုတ်ထွက်


ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ္မစ် စစ်အဖွဲ့တွေက ကန့်ကွက်ဆန္ဒပြပွဲတွေလုပ်လာတာ သုံးပတ်ကြာလာတဲ့နောက်မှာတော့ ပြည်ထောင်စု အစိုးရ တရားရေးဝန်ကြီးက ရာထူးကနေ နုတ်ထွက်လိုက်ပါတယ်။ ဆန္ဒပြပွဲတွေကြောင့် မြို့တော် Islamabad နဲ့ ဆက်နွယ်နေတဲ့ တခြားနေရာဒေသက လမ်းမကြီးတွေကို ပိတ်ဆို့ကုန်ပါတယ်။

စနေနေ့တုန်းကတော့ နေရာအနှံ့မှာ အုပ်စုလိုက် ဆန္ဒပြကြတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က ဖြိုခွင်းဖို့ ကြိုးစားခဲ့တဲ့အချိန်မှာ အကြမ်းဖက်တဲ့အခြေအနေထိ ရောက်သွားပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်နဲ့ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက သူတို့ ယုံကြည်ကိုးကွယ်တဲ့ဘာသာရေးကို အရေးမကြီးတဲ့သဘောမျိုးဖြစ်အောင် လုပ်ဆောင်တယ်လို့ယူဆထားတဲ့ ရွေးကောက်ပွဲ ကျမ်းသစ္စာကြိမ်ဆိုချက်တခုကို အနည်းငယ် ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် ဘာသာရေးပေါင်းစုံကို ကိုယ်စားပြုတဲ့ ပါတီတွေက ဆန္ဒပြသူတွေဟာ တရားရေးဝန်ကြီး Zahid Hamid ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ လိုလားနေကြတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေဟာ မြို့တွင်းသွားလာလှုပ်ရှားမှုတွေကို ရပ်တန့်သလိုဖြစ်နေပြီး၊ ဆန္ဒပြသူတွေကြောင့် သူနာပြုယာဉ်တွေ ဆေးရုံအချိန်မှီမရောက်နိုင်ဖြစ်ပြီး ကလေးငယ်တဦးအပါအဝင် လူနှစ်ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ နေရာအနှံ့အပြား အုပ်စုလိုက် ဆန္ဒပြနေကြတဲ့သူတွေကို စတင်ဖြိုခွင်းခဲ့တဲ့နောက်မှာတော့ ဆန္ဒပြပွဲတွေ တခြားမြို့တွေအထိ အလျင်အမြန် ကူးစက်သွားပြီး စနေနေ့ နေ့လယ်ပိုင်းလောက်မှာတော့ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့တွေဖြစ်တဲ့ လာဟိုးနဲ့ ကာရာချီ မြို့တွေအထိ ပြန့်နှံ့သွားပြီး အစ္စလာမ္မစ် ပါတီတွေကို ထောက်ခံသူတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG