သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရုပ်သံအစီအစဉ်များ ပါကစ္စတန်ပိတ်ပင်


အိန္ဒိယနှင့် ပါကစ္စတန်တို့ ယှဉ်ပြိုင်ကစားသည့် ခရစ်ကက် အားကစားပြိုင်ပွဲကို ကြည့်ရှုနေသူတဦး။ ၁၈ ဇွန် ၂၀၁၇။
အိန္ဒိယနှင့် ပါကစ္စတန်တို့ ယှဉ်ပြိုင်ကစားသည့် ခရစ်ကက် အားကစားပြိုင်ပွဲကို ကြည့်ရှုနေသူတဦး။ ၁၈ ဇွန် ၂၀၁၇။

ပါကစ္စတန်နိုင်ငံက ရုပ်သံလိုင်းတွေမှာ အိန္ဒိယရုပ်မြင်သံကြားအစီအစဉ်တွေကို ထုတ်လွှင့် မှု တားမြစ်တဲ့ အမိန့်တရပ်ကို ပါကစ္စတန် တရားရုံးချုပ်က စနေနေ့မှာ ထုတ်ပြန်လိုက်ပါ တယ်။

အရင်က အောက်တရားရုံးက ချမှတ်ထားတဲ့အမိန့်ကိုပဲ တရားရုံးချုပ်က ထပ်မံအတည်ပြု လိုက်တာဖြစ်တယ်လို့ ပါကစ္စတန်အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန် ရုပ်သံလိုင်းတွေမှာ ပြည်ပရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ပြသမှုနဲ့ပတ်သက်ပြီး ထုတ်လုပ်သူများအစည်းအရုံးရဲ့ လျှောက်ထားချက်ကို ကရာချိမြို့က တရားရုံးမှာ ကြားနာ ပြီးချိန်မှာ တရားသူကြီးချုပ် Saqib Nisar က အဲဒီလို အမိန့်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ပါကစ္စတန်သတင်းစာတစောင်ဖြစ်တဲ့ Dawn မှာတော့ ပါကစ္စတန်မြောက်ပိုင်း အိန္ဒိယနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့နေရာမှာ အိန္ဒိယဘက်က Diamer-Basha ဆည် တည်ဆောက်မှုနဲ့ပတ်သက်လို့ ပါကစ္စတန်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင် မှုတွေဖြစ်နေတာကို တရားသူကြီးက ရည်ညွန်းပြောဆိုသွားတယ်လို့ ဖော်ပြထားပါတယ်။

ပါကစ္စတန် သတင်းမီဒီယာဆိုင်ရာ အာဏာပိုင်အဖွဲ့ PEMRA ရဲ့ တာဝန်ရှိသူတဦးက လည်း ရုပ်သံလိုင်းတွေမှာ အိန္ဒိယရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ပြသတာမျိုး မလုပ်ဖို့ တရားသူကြီးချုပ် Nisar က အမိန့်ထုတ်ပြန်တာကို အတည်ပြုပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ရုပ်သံ၊ ဂြိုလ်တုစလောင်းနဲ့ ကေဘယ်လ်လိုင်းတွေက ထုတ်လွှင့်တာတွေ အကုန်လုံး အကျုံးဝင်ပါတယ်။

တရားရုံးချုပ်က ဒီအမိန့် ထုတ်ပြန်တယ်ဆိုတာကို ပါကစ္စတန် ရုပ်သံလိုင်း ဝန်ဆောင်မှု လုပ်ငန်းများအသင်းဥက္ကဌ Khalid Arain က အတည်ပြုပေမယ့် အခုလို ပိတ်ပင်လိုက် တာက အဖြေမဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီအစား ပါကစ္စတန် ရုပ်သံအစီအစဉ်တွေ အရည်အသွေးပိုကောင်းအောင် ပိုပြီး ကြိုးစားသင့်တယ်လို့ Khalid Arain က AFP သတင်းဌာနကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG