သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယလေယာဉ်မှူး ပါကစ္စတန်ပြန်လွှတ်


ပါကစ္စတန်ဘက်ခြမ်းကို လေယာဉ်ပျက်ကျသွားပြီး အဖမ်းခံထားရတဲ့ လေယာဉ်မှူး ပြန်လွတ်လာတာကို စောင့်ကြိုနေကြသူများ။ (မတ် ၁၊ ၂၀၁၉)
ပါကစ္စတန်ဘက်ခြမ်းကို လေယာဉ်ပျက်ကျသွားပြီး အဖမ်းခံထားရတဲ့ လေယာဉ်မှူး ပြန်လွတ်လာတာကို စောင့်ကြိုနေကြသူများ။ (မတ် ၁၊ ၂၀၁၉)

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား အငြင်းပွားဖွယ် Kashmir ဒေသကို ဖြတ်မောင်းရင်း ပါကစ္စတန်ဘက်ခြမ်းမှာ လေယာဉ်ပျက်ကျသွားလို့ ပါကစ္စတန်တွေ ဖမ်းဆီးခဲ့တဲ့ အိန္ဒိယလေယာဉ်မှူးကို ၂ နိုင်ငံနယ်စပ် Wagah နယ်စပ်လမ်းမှာ အိန္ဒိယဆီကို ပြန်လွှဲပြောင်းပေးလိုက်ပါပြီ။

အဖမ်းခံရပြီး ၂ ရက်အကြာမှာ လေယာဉ်မှူး Abhinandan Varthaman ကို အိန္ဒိယဘက်ကို ပြန်လွှဲပြောင်းပေးလိုက်တာကြောင့် နျူကလီယား လက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကြား ပိုကြီးမားတဲ့ ပြဿနာ ဖြစ်လာမယ့်အရေးကို ရှောင်ရှားလိုက်တာပါ။

ငြိမ်းချမ်းရေးနဲ့ ဆက်ဆံရေးပြေလျော့မှုအသွင်အနေနဲ့ ပါကစ္စတန်က ဖမ်းထားတဲ့ အိန္ဒိယ လေယာဉ်မှူးကို ဒီကနေ့မှာ ပြန်လွှတ်ပေးမယ့် အကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ အိန္ဒိယလေယာဉ်မှူး ပြန်လွှတ်လာတာကို အိန္ဒိယ လေတပ်က ကြိုဆိုကြောင်းနဲ့ လေယာဉ်မှူးကို ဆေးစစ်ပေးမယ့် အကြောင်း အိန္ဒိယ လေတပ် အကြီးအကဲ R.G.K. Kapoor က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

အိန္ဒိယလေယာဉ်မှူး ပါကစ္စတန်ပြန်လွှတ်
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG