သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အားပြင်းငလျင်ထပ်လှုပ်


ပါကစ္စတန်ငလျင်ဘေးသင့်သူတွေကို စေတနာ့ဝန်ထမ်းကူညီပေးနေသူများ။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)
ပါကစ္စတန်ငလျင်ဘေးသင့်သူတွေကို စေတနာ့ဝန်ထမ်းကူညီပေးနေသူများ။ (စက်တင်ဘာ ၂၈၊ ၂၀၁၃)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းမှာ စနေနေ့က နောက်ထပ် အားကြီးတဲ့ ငလျင်တခု ထပ်မံလှုပ်ခဲ့တာကြောင့် လူပေါင်း ၁၅ ဦးလောက် သေဆုံးခဲ့ပါတယ်။ အဲဒီဒေသမှာ လွန်ခဲ့တဲ့လေးရက်က လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ကြီးမားတဲ့ငလျင်ကြီး တခုလှုပ်ခဲ့တာပါ။

မနေ့ကလှုပ်ခဲ့တဲ့ငလျင်ကြောင့် ဒဏ်ရာရတဲ့ဦးရေဟာ နောက်ပိုင်းမှာ ပိုပြီးမြင့်တက်လာနိုင်တယ်လို့ အစိုးရအာဏာပိုင်တွေက ပြောပါတယ်။ ဘလူချီစတန်ပြည်နယ်က Awaran ခရိုင်မှာလှုပ်ခဲ့တဲ့ငလျင်ဟာ အင်္ဂါနေ့ကလှုပ်ခဲ့တဲ့ ငလျင်ရဲ့ နောက်ဆက်တွဲရိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ပထဝီဆိုင်ရာစစ်တမ်းအဖွဲ့ရဲ့ တိုင်းတာချက်အရ စနေနေ့က လှုပ်ခဲ့တဲ့ ငလျင်ရဲ့အရှိန်ဟာ မက်ဂနီကျု ၆.၈ လောက်အထိရှိပါတယ်။ ဒါပေမယ်လို့ ပါကစ္စတန်မိုးလေဝသဌာနကတော့ ငလျင်ရဲ့ပြင်းအားဟာ ၇.၂ မဂ္ဂနီကျူ ရှိတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် အဆောက်အဦးတွေပြိုကျပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်နေပါပြီ။ ဘလူချီစတန်ပြည်နယ်မှာ အင်္ဂါနေ့က လှုပ်ခဲ့တဲ့ ငလျင်ရဲ့ပြင်းအားဟာ ၇.၇ မဂ္ဂနီကျူရှိခဲ့ပြီး ရွှံ့၊ အုတ်ခဲနဲ့ဆောက်ထားတဲ့ အိမ်၊ အဆောက်အဦးတွေ ပြားပြားဝပ် ပြိုကျခဲ့ပြီး အဲဒီအောက်မှာ ပိသေတဲ့ လူပေါင်းရာနဲ့ချီ ရှိခဲ့ပါတယ်။
XS
SM
MD
LG