သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် အသေခံဗုံးခွဲမှု ရဲအရာရှိကြီးတဦး သေ

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ တခြားနှစ်ဦး အသေခံ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။ PFC လို့ခေါ်တဲ့ ပါကစ္စတန် နယ်စပ်ဒေသ ရဲတပ်ဖွဲ့ရဲ့ အကြီးအကဲ Sifwat Ghayur ဟာ Peshawar မြို့မှာ ဗုဒ္ဓဟူးနေ့က တိုက်ခိုက်ခံခဲ့ရတယ်လို့ ပါကစ္စတန် အရာရှိတွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄ ဦးလည်း ဒဏ်ရာရသွားကြပါတယ်။ အသေခံ ဗုံးခွဲသမားဟာ ကားနဲ့လား၊ ခြေကျင်လား ဆိုတာတော့ သေချာမသိသေးဘူးလို့ အရာရှိတွေက ဆိုပါတယ်။

ဒေသတွင်း တပတ်ကျော်ကြာ ဆိုးဆိုးရွားရွား ရေကြီးခဲ့လို့ ပြန်နာလံထူဖို့ ကြိုးစားနေရချိန်မှာ အခုလို တိုက်ခိုက်ခံရတာပါ။

ဒီအတောအတွင်းမှာပဲ တောင်ပိုင်းက ကရာချိ (Karachi) ဆိပ်ကမ်းမြို့မှာ ဒုတိယမြောက်နေ့အဖြစ် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး လူ ၁၃ ဦးကျော် သေဆုံးခဲ့ရပါပြီ။ ဆန္ဒပြသူတွေဟာ ဈေးဆိုင်တွေ၊ ကားတွေကို မီးရှို့ပစ်ခဲ့ကြပြီး လူတွေကိုလည်း ပစ်သတ်ခဲ့လို့ ၂ ရက်အတွင်းမှာကို သေဆုံးသူ စုစုပေါင်း ၆၂ ဦး ကျော်သွားပြီ ဖြစ်ပါတယ်။

Muttahida Quami လှုပ်ရှားမှုအဖွဲ့ဝင် ဖြစ်တဲ့ ပြည်နယ်အမတ် Raza Haider တနင်္လာနေ့မှာ လုပ်ကြံခံရပြီး နောက်မှာ ဆူပူမှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG