သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ယောက်ျားလေး ၂၅ ဦး တာလီဘန်ပြန်ပေးဆွဲ

Các thuyền buồm tham gia cuộc đua rời khỏi cảng Saint-Quay-Portrieux, miền tây nước Pháp.
Các thuyền buồm tham gia cuộc đua rời khỏi cảng Saint-Quay-Portrieux, miền tây nước Pháp.

ပါကစ္စတန်နိုင်ငံမှာ ကလေးအရွယ် ယောက်ျားလေး ၂၅ ဦးကို ပြန်ပေးဆွဲလိုက်တယ်လို့ တာလီဘန်တွေက ဆိုပါတယ်။

ဒီကလေးငယ်လေးတွေဟာ ပါကစ္စတန်အစိုးရရဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်ရာမှာ ပူးပေါင်း ဆောင်ရွက်ခဲ့လို့ အခုလို ပြန်ပေးဆွဲခဲ့တာလို့ တာလီဘန်ပြောခွင့်ရှိသူ ချာရစ်အိုင်တာလီဘန် က ဒီကနေ့ ထုတ်ပြောလိုက်ပါတယ်။ အာဖဂန်နယ်စပ်ကို ဖြတ်ပြီးသွားစဉ်မှာ ပြန်ပေးဆွဲခံရတဲ့ ဒီကလေးတွေကို ဘာဆက်လုပ်မယ် ဆိုတာကို တာလီဘန်ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ပါကစ္စတန်အစိုးရ အရာရှိတွေဘက်ကလည်း အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ ယောကျ်ားလေးတွေကို စစ်သွေးကြွတွေက ပြန်ပေးဆွဲခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပြောခဲ့ပါတယ်။

အခုလို ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ကလေးငယ်ပေါင်း စုစုပေါင်း ၄၀ ရှိသွားခဲ့ပြီး အသက် ၁၂ နှစ်အောက် ကလေးတွေကိုတော့ စစ်သွေးကြွတွေက အိမ်ပြန်ဖို့ ခွင့်ပြုခဲ့တယ်လို့ အစိုးရ အရာရှိတွေကပဲ ဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG