သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နဲ့ တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေး

ပါကစ္စတန်နဲ့ တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေး
ပါကစ္စတန်နဲ့ တာလီဘန် ငြိမ်းချမ်းရေးဆွေးနွေး

ပါကစ္စတန် တာလီဘန်တပ်ဖွဲ့တွေရဲ့ ဒုတိယတပ်မှူးလည်းဖြစ်တဲ့ Maulvi Faqir Mohammad က သူတို့ရဲ့အဖွဲ့ဟာ ပါကစ္စတန်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေထဲကို ပါဝင်လာခဲ့ပြီလို့ ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲတွေဟာ လမ်းကြောင်းမှန်အတိုင်း ဦးတည်နေပြီးတော့ အာဏာပိုင်တွေအနေနဲ့ မိမိတို့နဲ့ တာရားဝင် သဘောတူစာချုပ်တရပ်ကို ချုပ်ဆိုနိုင်တော့မယ်လို့ ဆိုပါတယ်။

Faqir Mohammad ရဲ့ တာလီဘန်အဖွဲ့ဟာ တောင်ပေါ်တိုင်းရင်းသားတွေရဲ့ ဒေသ Bajaur မှာ အခြေစိုက်တာဖြစ်ပြီး အစိုးရနဲ့ သူတို့ချုပ်ဆိုမယ့်စာချုပ်ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နယ်စပ်တလျှောက်မှာ စံပြငြိမ်းချမ်းရေးစာချုပ်တစ်ခု ဖြစ်လာလိမ့်မယ်လို့ မစ္စတာ Faqir Mohammad က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ပါကစ္စတန်အစိုးရဘက်က အတည်ပြု ပြောဆိုခြင်း မရှိသေးပါဘူး။

အမေရိကန်ပြည်ထောင်စုကတော့ ပါကစ္စတန်အစိုးရနဲ့ ပါကစ္စတန် တာလီဘန်တို့ရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူတာကို လိုလားခြင်းမရှိဘဲ ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ်သာ သတ်မှတ်ထားတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ပါကစ္စတန်နိုင်ငံမှာ စစ်ရေး၊ စီးပွားရေးဆိုင်ရာ အကူအညီတွေကို အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ သွန်လောင်းထည့်ပြီး ကူညီနေတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG