သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေတပ်စခန်း တာလီဘန် ဝင်စီးမှု အဆုံးသတ်

ပါကစ္စတန် ရေတပ်စခန်း တာလီဘန် ဝင်စီးမှု အဆုံးသတ်
ပါကစ္စတန် ရေတပ်စခန်း တာလီဘန် ဝင်စီးမှု အဆုံးသတ်

ပါကစ္စတန်ရေတပ်က တာလီဘန် စစ်သွေးကြွတွေနဲ့ ၁၇ နာရီကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ရေတပ်စခန်းကို ပြန်လည် အရယူနိုင်ခဲ့တယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တာလီဘန် စစ်သွေးကြွ တိုက်ခိုက်ရေးသမားတွေက ပါကစ္စတန်နိုင်ငံ ကရာချိ စစ်တပ်စခန်းတခုကို တနင်္ဂနွေနေ့ ညက အပြင်းအထန် ဝင်တိုက်ခဲ့ရာမှာ လုံခြုံရေးအရာရှိ ၁၀ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သလို ရေတပ်က တိုက်လေယာဉ်တစီးလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ပါကစ္စတန်ပြည်ထဲရေးဝန်ကြီး Rehman Malik ကပြော ပါတယ်။

တာလီဘန်တွေဘက်က အကျအဆုံးကိုတော့ ချက်ချင်း မသိရသေးပါဘူး။ အဲဒီ တာလီဘန် စစ်သွေးကြွတွေကို နှိမ်နင်းဖို့အတွက် ပါကစ္စတန် အထူးတပ်ဖွဲ့တွေကို တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အထူးတပ်ဖွဲ့က အိုစမာ ဘင်လာဒင် (Osama Bin Laden) အသေဖမ်းခဲ့တာကို လက်စားချေတဲ့ အနေနဲ့ အခုလို တုံ့ပြန်လိုက်တာလို့ တာလီဘန် ပြောခွင့်ရသူက ဆိုပါတယ်။

တာလီဘန် စစ်သွေးကြွ ၄ ယောက်ကနေ ၆ ယောက် ဝန်းကျင်ဟာ ကရာချိမြို့ မယ်ရန် (Mehran) ရေတပ် လေကြောင်းပြစခန်းကို သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ မီးလောင်ကျွမ်းခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုက ပေးထားတဲ့ ထောက်လှမ်းရေး လေယာဉ်တစီးလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ပါကစ္စတန် အစိုးရနဲ့ ပြည်သူတွေရဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို လမ်းလွဲအောင် ဒီလုပ်ရပ်က သူရဲဘောကြောင်တဲ့ လုပ်ရပ်ပဲလို့ ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ်ဖ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

This item is part of
XS
SM
MD
LG