သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် တာလီဘန်ခေါင်းဆောင် ကန်ဒုံးကျည်ထိသေဆုံး


အမေရိကန် လေတပ်အရာရှိနဲ့ MQ-9 Reaper drone ကို အာဖဂန်စစ်အခြေစိုက်စခန်း ကန်ဒါဟာမှာ တွေ့ရစဉ်။
အမေရိကန် လေတပ်အရာရှိနဲ့ MQ-9 Reaper drone ကို အာဖဂန်စစ်အခြေစိုက်စခန်း ကန်ဒါဟာမှာ တွေ့ရစဉ်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းနယ်စပ်မှာ တရားမဝင် ပါကစ္စတန် တာလီဘန်အဖွဲ့ရဲ့ ခေါင်းဆောင်ကို အမေရိကန် အဝေးထိန်း ယာဉ်ကနေ လွန်ခဲ့တဲ့သီတင်းပတ်မှာ ဒုံးကျည်နဲ့ ပစ်ခတ် သုတ်သင်လိုက် တယ်လို့ အာဖဂန်သမ္မတ Ashraf Ghani က အိမ်နီးချင်း ပါကစ္စတန် ခေါင်းဆောင်တွေကို သောကြာေ န့က တယ်လီဖုန်းဆက်ပြီး အတည်ပြု ပြောဆိုပါတယ်။

Kunar ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ဒရုန်းယာဉ်နဲ့တိုက်ခိုက်တာမှာ Mullah Fazlullah သေဆုံးသွားတယ်လို့ အမည် မဖော်တဲ့ အမေရိကန်တာဝန်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပြီး နောက်တရက်မှာ ပါကစ္စတန်ရဲ့ အခုအတည်ပြုချက် ထွက်လာတာပါ။ Mullah Fazlullah ဟာ ပါကစ္စတန် တာလီဘန်လို့ အများအားဖြင့် သိကြတဲ့ Tehrik-e-Taliban Pakistan TTP အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။

ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ၊ ဝန်ကြီးချုပ် Nasir ul Mulk တို့နဲ့ စကားပြောပြီးတဲ့နောက် အာဖဂန် သမ္မတ Ghani က Fazlullah ကို သုတ်သင်နိုင် တာဟာ အာဖဂန် လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေ ဦးဆောင်တဲ့ လူကိုယ်တိုင် စုံစမ်း ထောက်လှမ်းမှုတွေကို မနားမနေလုပ်တာကြောင့်ဖြစ်တယ်လို့ Twitter မှာရေးပါတယ်။

“Fazlullah သေဆုံးသွားတာဟာ နှစ်နိုင်ငံအကြား ယုံကြည်မှုတည်ဆောက်ရေးအတွက် ကြီးမားတဲ့အဆင့်တခုဖြစ်တယ်ဆိုတာ သူတို့ ကျနော့်ကို အာမခံပြောဆိုသလို အာဖဂန် ဦးဆောင်တဲ့ အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံမယ်လို့လည်း ကတိပေးကြပါတယ်” လို့ အာဖဂန်သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG