သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် တိုက်ခိုက်မှုများအတွက် တာလီဘန် တာဝန်ယူ လုပ်ဆောင်ကြောင်း ထုတ်ပြန်


ပါကစ္စတန် တိုက်ခိုက်မှုများအတွက် တာလီဘန် တာဝန်ယူ လုပ်ဆောင်ကြောင်း ထုတ်ပြန်
ပါကစ္စတန် တိုက်ခိုက်မှုများအတွက် တာလီဘန် တာဝန်ယူ လုပ်ဆောင်ကြောင်း ထုတ်ပြန်

အာဖဂန်နစ္စတန်မှာရှိတဲ့ နေတိုးနဲ့ အမေရိကန် တပ်ဖွဲ့တွေဆီကို ကုန်တွေပို့နေတဲ့ ထောက်ပို့ယာဉ်တန်းကို ပါကစ္စတန်မှာ မကြာခင်က တိုက်ခိုက်ခဲ့ရာမှာ တာလီဘန်တွေက သူတို့လက်ချက် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

အဲဒီလို ယာဉ်တန်းတွေ ရပ်သွားတဲ့အထိ ဆက်လက် တိုက်ခိုက်မယ်လို့ အကြမ်းဖက်သမား အုပ်စုရဲ့ ပါကစ္စတန် လက်ခွဲအဖွဲ့က တနင်္လာနေ့က ပြောပါတယ်။

လူအနည်းဆုံး ၃ ယောက် သေဆုံးခဲ့ပြီး ထောက်ပို့လမ်းကြောင်း တလျှောက်မှာ လောင်စာဆီတင် ကားအစီး ၂၀ လောက် မီးတင် အရှို့ခံခဲ့ရတယ်လို့ ရဲက ဆိုပါတယ်။

ဒီထောက်ပို့လမ်းကြောင်းကို ပါကစ္စတန် အာဏာပိုင်တွေက ကြာသပတေးနေ့ကစပြီး ပိတ်ခဲ့တာပါ။ ပါကစ္စတန်နယ်စပ်ကိုဖြတ်ပြီး နေတိုးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ လေကြောင်းက တိုက်ခိုက်ရာမှာ သူတို့ရဲ့ စစ်သား ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။

နေတိုးကတော့ အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလာတဲ့ စစ်သွေးကြွတွေကို ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန် စစ်သားတွေ သေဆုံးသွားခဲ့တဲ့အတွက် စိတ်မကောင်းတဲ့အကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က နေတိုး မဟာမိတ် ဌာနချုပ်မှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါ နေတိုးအကြီးအကဲက ပြောကြားပါတယ်။

ထောက်ပို့လမ်းကြောင်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ပါကစ္စတန်ကို အန်းဒါးစ် ဖို့ ရပ်စ်မူဆန်က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG