သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ယာဉ်တိုက်မှု လူ ၅၇ ထက်မနည်း သေဆုံး


ဓာတ်ဆီတင်ကားနဲ့တိုက်မိတဲ့ ခရီးသည်တင်ကား (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
ဓာတ်ဆီတင်ကားနဲ့တိုက်မိတဲ့ ခရီးသည်တင်ကား (ဇန်နဝါရီ ၁၁၊ ၂၀၁၅)

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တော် တောင်ဘက်မှာ ဒီနေ့အစောပိုင်းက အရှိန်မြှင့်မောင်းနှင်လာတဲ့ ဓာတ်ဆီတင်ကားတစ်စီး လမ်းကြောင်းမှားပြီး ခရီးသည်တင်ဘတ်စ်ကားနဲ့ ခေါင်းချင်းဆိုင်တိုက်မိခဲ့တဲ့အတွက် ခရီးသည် ၅၇ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

လမ်းဆိုးတဲ့အပိုင်းမှာ တိုက်မိတဲ့ အဲဒီယာဉ်နှစ်စီးဟာ မီးလောင်ကျွမ်းခဲ့တယ်လို့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ကားတိုက်ခံရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေပါပြီး တချို့က မီးလောင်ဒဏ်ရာကြောင့် မမှတ်မိနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက်သေဆုံးခဲ့ကြပါတယ်။ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်း ခရီးသည်တွေကို ကုသပေးနေတဲ့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ကားမီးလောင်လို့ သေဆုံးသူတွေထဲမှာ သူတို့မိသားစုက မိသားစုဝင် ၉ ယောက် ပါသွားတယ်လို့ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်က ပြောပါတယ်။ တချို့ခရီးသည်တွေကတော့ ကားပြူတင်းပေါက်က ခုန်ချလွတ်မြောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံဟာ လမ်းသားအရည်အသွေးညံ့ဖျင်းမှု၊ တာဝန်မဲ့ ယာဉ်မောင်းမှုနဲ့ ယာဉ်ထိန်းသိမ်းရေးညံ့ဖျင်းမှုတွေကြောင့် လူ့အသက် အများကြီးဆုံးရှုံးရတဲ့ ယာဉ်တိုက်မှုတွေ အတော်များများ ဖြစ်ပွားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ လူသိများတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG