သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ရာထူးက ဖယ်ရှား


ပါကစ္စတန်နိုင်ငံမှာ အရှိန်အဝါကြီးတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Raheel Sharif ၊
ပါကစ္စတန်နိုင်ငံမှာ အရှိန်အဝါကြီးတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Raheel Sharif ၊

ပါကစ္စတန်နိုင်ငံမှာ အရှိန်အဝါကြီးတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Raheel Sharif ဟာ ထိပ်ပိုင်းအရာရှိ တစ်စုကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အထဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၊ ဗိုလ်ချုပ် တစ်ဦး၊ ဗိုလ်မှုးချုပ် သုံးဦးနဲ့ ဗိုလ်မှုးကြီးတစ်ဦးတို့ ပါဝင်ပြီး၊ တစ်နှစ်ကြာ စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေက လုပ်ပြီးတဲ့နောက် သူတို့ဟာ လဘ်ယူခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာလို့ စစ်တပ်ထဲက သတင်းရင်းမြစ်တွေက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ရာထူးက ထုတ်ပယ်ခံရတဲ့ အရာရှိတွေ အားလုံးဟာ ပါကစ္စတန် အနောက်တောင်ပိုင်း Baluchistan နယ်မှာ အခြေစိုက်တဲ့ အရန် နယ်ခြားစောင့် တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။

ရာထူးကနေ ထုတ်ခံလိုက်ရတဲ့ စစ်တပ်အရာရှိ ၁၁ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေကရေးသားပြီး၊ ဒါဟာ ပါကစ္စတန် စစ်တပ်ရဲ့ သမိုင်းမှာ မကြုံဖူးတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ရေးသားဖော်ပြကြပါတယ်။

ဗိုလ်ချုပ်ကြီး Sharif ဟာ ပါကစ္စတန်နိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ အစွန်းရောက် နဲ့ အကြမ်းဖက်အဖွဲ့တွေကို စစ်ရေးအရ တိုက်ခိုက်မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်ခဲ့လို့ ပြည်တွင်းမှာရော ပြည်ပမှာပါ ချီးကျူးး ခံနေရသူဖြစ်ပါတယ်။

မကြာသေးခင်က ပနားမားနိုင်ငံ အခြေစိုက် ဥပဒေလုပ်ငန်းကနေ ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေအရ သူ့ရဲ့ သားသမီးတွေဟာ ပြည်ပမှာ ကုမ္ပဏီ အမြောက်အများ ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားတဲ့နောက် သူ့ကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ များပြာလာချိန်မှာ အခုလို အရာရှိတွေကို ထုတ်ပယ်တဲ့ သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။

XS
SM
MD
LG