သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါကစ္စတန် ပြန်သုံးသပ်


အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါကစ္စတန် ပြန်သုံးသပ်
အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်မှု ပါကစ္စတန် ပြန်သုံးသပ်

ပါကစ္စတန်နိုင်ငံထဲကို နေတိုးနဲ့ အမေရိကန်တို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး တဲ့နောက်မှာ သူတို့နဲ့ ဆက်ဆံရေးကို ပြန်ပြီးသုံးသပ်နေတယ်လို့ ပါကစ္စတန်အစိုးရက စနေနေ့ကပဲ ပြောကြားသွားပါတယ်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက်က စစ်စခန်းနှစ်ခုကို အမေရိကန်နဲ့ နေတိုးတပ်တွေ လေကြောင်းက တိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၆ ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တာပါ။ ပါကစ္စတန်ဝန်ကြီးချုပ် Yousuf Raza Gilani နဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေ အစိုးရခေါင်းဆောင်တွေဟာ စနေနေ့ နှောင်းပိုင်းမှာ အရေးပေါ်အစည်းအဝေးထိုင်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ကြောင့် နဂိုကတည်းက အစွန်းအထင်းရှိထားတဲ့ အမေရိကန်နဲ့ ပါကစ္စတန်ဆက်ဆံရေး ပိုပြီး ပြဿနာရှိလာတဲ့ အနေအထားပါပဲ။ ပါကစ္စတန်အစိုးရရဲ့ ကြေညာချက်မှာ ပါကစ္စတန် အရာရှိတွေက ဘာပြောထားသလဲဆိုရင်တော့ အစိုးရဟာ အမေရိကန်၊ နေတိုး၊ ISAF တို့နဲ့ သံတမန်ရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ ထောက်လှန်းရေး အပါအဝင် ပူးတွဲလုပ်ဆောင်နေတဲ့ အစီအစဉ်အားလုံး ပူးတွဲလုပ်ဆောင်ဖို့ သဘောတူထားတာတွေ အားလုံးကို အပြည့်အ၀ ပြန်သုံးသပ်မယ်လို့ ပြောထားတာပါ။

နေတိုးလေယာဉ်ရဲ့ တိုက်ခိုက်မှုက အကြောင်းမဲ့ တိုက်ခိုက်မှုသက်သက် ဖြစ်တယ်လို့ ပါကစ္စတန် အရာရှိတွေက ရှုတ်ချတာပါ။ ဒီလိုဖြစ်ရပ်မျိုးကို လုံးဝလက်ခံနိုင်စရာ မရှိဘူး၊ ဒါဟာ မှားယွင်း လုပ်ဆောင်မှုအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ပြောပါတယ်။

ဒီလိုမျိုး ရန်စမှုမျိုးအပေါ်မှာ တာဝန်ရှိတဲ့သူတွေကို အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။ ပါကစ္စတန်က သူ့ရဲ့နယ်မြေကို ဖြတ်ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲကို ပစ္စည်းတွေသယ်ယူနေတဲ့ နေတိုး ထောက်ပို့ လမ်းကြောင်းတွေအားလုံးကို ဖြတ်ပစ်လိုက်ခြင်းနဲ့ သူတို့က လက်တုံ့ပြန်ထားပါတယ်။ အမေရိကန်တွေကိုလည်း ရှန်စီ လေတပ်အခြေစိုက်စခန်းမှာ လုပ်ဆောင်မှုတွေ အားလုံး ၁၅ ရက်အတွင်းမှာ ရပ်ပစ်ဖို့အတွက် အချိန်သတ်မှတ်ပေးထားပါတယ်။

XS
SM
MD
LG