သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကစစ်သွေးကြွတွေ ချေမှူန်းရေး အမေရိကန်တွန်းအားပေး

ပါကစ္စတန်အနောက်မြောက်ပိုင်းကို အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen လေကြောင်းကနေ လှည့်လည်ကြည့်ရှုစဉ်၊ ဇူလိုင် ၂၄၊ ၂၀၁၀။
ပါကစ္စတန်အနောက်မြောက်ပိုင်းကို အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen လေကြောင်းကနေ လှည့်လည်ကြည့်ရှုစဉ်၊ ဇူလိုင် ၂၄၊ ၂၀၁၀။

အစ္စလာမ်အစွန်းရောက်ဝါဒီတွေကို တိုးပြီးချေမှုန်းဖို့ အမေရိကန်စစ်တပ်အရာရှိက ပါကစ္စတန်နိုင်ငံကို တိုက်တွန်း လိုက်ပါတယ်။

ပါကစ္စတန်စစ်တပ် အကြီးးအကဲ ဗိုလ်ချုပ်ကြီး Ashfaq Kayani နဲ့ တွေ့ဆုံကြဖို့ အစ္စလာမ္မာဘတ်မြို့မှာ ရောက်ရှိနေကြတဲ့ ထိပ်တန်း အမေရိကန်စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေက စနေနေ့က ခုလို တိုက်တွန်းတောင်းဆိုလိုက်ကြတာ ဖြစ်ပါတယ်။

ပါကစ္စတန်စစ်တပ်က စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အနောက်မြောက်ပိုင်းဒေသကို အမေရိကန်စစ်ဦးချုပ်များရဲ့ ပူးတွဲကော်မီတီဥက္ကဌ ရေတပ်ဗိုလ်ချုပ်ကြီး Mike Mullen ကလေကြောင်းကနေ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အစ္စလာမ်အစွန်းရောက်ဝါဒီတွေကို တိုက်ခိုက်ရာမှာ ပါကစ္စတန်ရဲ့ အားထုတ်မှုကို သူက ကြိုဆို စကားဆိုလိုက်ပါတယ်။ ဒါပေမဲ့ Lashkar e Taiba လို စစ်သွေးကြွအုပ်စုတွေကြီးထွားလာ နေတဲ့ ခြိမ်းခြောက်မှုဖြစ်ပါတယ်လို့ သူကသတိပေးလိုက်ပါတယ်။

ပါကစ္စတန်တပ်တွေက ဧရိယာ ၄၀၀၀ ကီလိုမီတာပတ်လည် အတွင်းကနေ စစ်သွေးကြွတွေကို ရှင်းနိုင်ခဲ့တယ်လို့ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ယောက်က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး မူလန်ဟာ တနင်္ဂနွေနေ့ မှာ အာဖဂန်နစ္စတန်ကို ခရီးဆက်ဖို့ အစီအစဉ်ရှိပါတယ်။ နောက် ဇူလိုင်လမှာ အာဖဂန်ကနေ တပ်တွေ ရုပ်သိမ်းဖို့ အစီအစဉ် ရှိပေမဲ့၊ အမေရိကန် ပြည်ထောင်စုက ဒေသ လုံခြုံရေးအပေါ် ကတိပေးထားတဲ့အတိုင်း ဆက်လက် ရှိနေလိမ့်မယ်လို့ သူ က ဆိုပါတယ်။

This item is part of
XS
SM
MD
LG