သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA သတင်းထောက်သတ်သူ Taliban ကို ပါကစ္စတန်ရဲဖမ်းမိ


၂၀၁၂ ခုနှစ်က ပါကစ္စတန်မှာ ဘုရားကျောင်းအတွင်းဝတ်ပြုနေချိန် အသတ်ခံခဲ့ရသူ ဗွီအိုအေသတင်းထောက် Mukarram Khan Aatif
၂၀၁၂ ခုနှစ်က ပါကစ္စတန်မှာ ဘုရားကျောင်းအတွင်းဝတ်ပြုနေချိန် အသတ်ခံခဲ့ရသူ ဗွီအိုအေသတင်းထောက် Mukarram Khan Aatif

၂၀၁၂ ခုနှစ်က VOA အမေရိကန်အသံမှာ Deewa ဘာသာဌာနသတင်းထောက် အသတ်ခံရမှုမှာ စွပ်စွဲခြင်းခံခဲ့ရတဲ့ ထိပ်တန်း စစ်သွေးကြွတပ်မှူးတဦးကို ဖမ်းမိထားတယ်လို ပါကစ္စတန်အနောက်မြောက်ပိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်းပေးချက်အရ Irfan Khurasani နဲ့ သူ့လက်ထောက်နှစ်ဦးကို Khaibar Pakhtunkhwa ခရိုင်ရှိ Charsadda မြို့အနီး စစ်ဆေးရေးစခန်းမှာ ဖမ်းမိထားတယ်လို့ ပါကစ္စတန် Mardan ဒေသ လက်ထောက် ရဲမင်းကြီး Mohamad Saeed Wazir က VOA Deewa ဌာနကိုပြောပါတယ်။

သူတို့လိုက်ပါလာတဲ့မော်တော်ယာဉ်ပေါ်ကနေ အနည်းဆုံး အလေးချိန် ကီလိုဂရမ် ၁၀၀ ရှိတဲ့ ပေါက်ကွဲပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ Khurasani ဟာ ငွေညှစ်မှု၊ ကျောင်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် တိုက်ခိုက်မှုအပြင် သတင်းထောက် Mukarram Khan Aatif ကို သတ်ဖြတ်မှုအတွက် အလိုရှိနေသူဖြစ်ပါတယ်။

Deewa အသံလွှင့်ဌာနသတင်းထောက် Aatif ဟာ ရှာကတ်ဒါ မြို့ကသူ့အိမ်အနီး ဗလီကျောင်းမှာ ဝတ်ပြုနေချိန် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သူ့ကို စစ်သွေးကြွတွေက သတ်ပစ်မယ်လို့ အကြိမ်များစွာ ခြိမ်းခြောက်ခဲ့ပြီး သူသေဆုံးမှုအတွက် ပါကစ္စတန်-တာလီဘန်တို့က တာဝန်ယူ လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့ပါတယ်။ ပါကစ္စတန်ဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေအတွက် အန္တရာယ်အရှိဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

XS
SM
MD
LG