သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပါကစၥတန္ဝန္ႀကီးခ်ဳပ္ေဟာင္း ေနအိမ္စီးနင္းခံရ၊ ၆၀ ေက်ာ္ဖမ္းဆီး


PAKISTAN-POLITICS-KHAN

ပါကစၥတန္ႏိုင္ငံမွာ စေနေန႔က ဝန္ႀကီးခ်ဳပ္ေဟာင္း Imran Khan ရဲ႕ေနအိမ္ကို ရဲတပ္ဖြဲ႔က ဝင္ေရာက္စီးနင္းခ်ိန္မွာ Khan ကို ေထာက္ခံသူေတြနဲ႔ ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ၾကၿပီး၊ ရဲေတြက မ်က္ရည္ယိုဗုံးေတြသုံး ၿဖိဳခြဲခဲ့ပါတယ္။ ဒါအျပင္ လူေပါင္း (၆၁) ဦးကို ဖမ္းဆီးခဲ့ေၾကာင္း ပါကစၥတန္ တာဝန္႐ွိသူေတြက ေျပာပါတယ္။

ရဲတပ္ဖြဲ႔က ဝင္ေရာက္စီးနင္းခ်ိန္ ေနအိမ္မွာ ဝန္ႀကီးခ်ဳပ္ေဟာင္း Khan ႐ွိမေနဘဲ၊ သူ႔ကို စြဲထားတဲ့ အမႈအတြက္ တရား႐ုံးရင္ဆိုင္ဖို႔ ၿမိဳ႕ေတာ္ Islamabad ကို ထြက္ခြာသြားခဲ့ၿပီ ျဖစ္ပါတယ္။ Khan ဟာ ဝန္ႀကီးခ်ဳပ္တာဝန္ယူခ်ိန္မွာ ႏိုင္ငံေတာ္လက္ေဆာင္ပစၥည္းေတြကို ေရာင္းခ်ခဲ့ေၾကာင္း စြပ္စြဲခံထားရသလို၊ သူပိုင္ဆိုင္မႈေတြကို ဖုံးကြယ္ထားေၾကာင္း စြဲခ်က္တင္ခံထားရတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အမႈၾကားနာမႈကို တရားသူႀကီးက မတ္လ ၃၀ ရက္ေန႔ကို ေ႐ႊ႕ဆိုင္းခဲ့ပါတယ္။

၀န္ႀကီးခ်ဳပ္ေဟာင္း Imran Khan ရဲ႕ ပါတီဌာနခ်ဳပ္႐ွိရာ လာဟိုးမွာ ႐ွိေနတဲ့ သူရဲ႕ေနအိမ္ကို ဝင္ေရာက္စီးနင္းမႈကို ဦးေဆာင္ခဲ့တဲ့ အဆင္ျမင့္ရဲအရာ႐ွိ Suhail Sukhera ေျပာၾကားခ်က္မွာေတာ့ Khan ရဲ႕ပါတီျဖစ္တဲ့ Tehreek-e-Insaf ပါတီဝင္ေတြနဲ႔ သူ႔ကို ေထာက္ခံသူေတြက ပိတ္ဆို႔ထားတဲ့ အတားအဆီးေတြကို ရဲေတြက ဖယ္႐ွားခဲ့ၾကတယ္လို႔ ဆိုပါတယ္။ Khan ရဲ႕ေနအိမ္အေဆာက္အအုံတဝိုက္မွာ သူတို႔ေတြဟာ ကြန္ကရစ္တုံးေတြ၊ ခုတ္ပိုင္းထားတဲ့ သစ္ပင္ေတြ၊ ႐ြက္ဖ်င္တဲေတြ၊ ထရပ္ကားတစင္း စတာေတြရဲ႕ တားဆီးကာကြယ္ထားၾကတာ ျဖစ္တယ္လို႔ ရဲအရာ႐ွိက ေျပာပါတယ္။

Khanကို ေထာက္ခံသူေတြဟာ ေက်ာက္ခဲေတြ၊ မီးေလာင္ဗုံေတြနဲ႔ ရဲေတြကို ပစ္ေပါက္ခဲ့ၾကသလို၊ ေနအိမ္ေခါင္မိုးေပၚမွာ ႐ွိေနတဲ့ အမ်ိဳးသားတဦးကလည္း ရဲတပ္ဖြဲ႔ကို ေသနတ္နဲ႔ပစ္ခဲ့တယ္လို႔လည္း ေျပာပါတယ္။ တိုက္ခိုက္မႈေတြေၾကာင့္ ရဲတပ္ဖြဲ႔ဝင္ သုံးဦးထက္မနည္း ဒဏ္ရာ ရ႐ွိခဲ့တယ္လို႔ ရဲအရာ႐ွိ Sukhera က ေျပာပါတယ္။

==== Unicode ====

ပါကစ္စတန်နိုင်ငံမှာ စနေနေ့က ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ Khan ကို ထောက်ခံသူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပြီး၊ ရဲတွေက မျက်ရည်ယိုဗုံးတွေသုံး ဖြိုခွဲခဲ့ပါတယ်။ ဒါအပြင် လူပေါင်း (၆၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် နေအိမ်မှာ ဝန်ကြီးချုပ်ဟောင်း Khan ရှိမနေဘဲ၊ သူ့ကို စွဲထားတဲ့ အမှုအတွက် တရားရုံးရင်ဆိုင်ဖို့ မြို့တော် Islamabad ကို ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ Khan ဟာ ဝန်ကြီးချုပ်တာဝန်ယူချိန်မှာ နိုင်ငံတော်လက်ဆောင်ပစ္စည်းတွေကို ရောင်းချခဲ့ကြောင်း စွပ်စွဲခံထားရသလို၊ သူပိုင်ဆိုင်မှုတွေကို ဖုံးကွယ်ထားကြောင်း စွဲချက်တင်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အမှုကြားနာမှုကို တရားသူကြီးက မတ်လ ၃၀ ရက်နေ့ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Imran Khan ရဲ့ ပါတီဌာနချုပ်ရှိရာ လာဟိုးမှာ ရှိနေတဲ့ သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ အဆင်မြင့်ရဲအရာရှိ Suhail Sukhera ပြောကြားချက်မှာတော့ Khan ရဲ့ပါတီဖြစ်တဲ့ Tehreek-e-Insaf ပါတီဝင်တွေနဲ့ သူ့ကို ထောက်ခံသူတွေက ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ရဲတွေက ဖယ်ရှားခဲ့ကြတယ်လို့ ဆိုပါတယ်။ Khan ရဲ့နေအိမ်အဆောက်အအုံတဝိုက်မှာ သူတို့တွေဟာ ကွန်ကရစ်တုံးတွေ၊ ခုတ်ပိုင်းထားတဲ့ သစ်ပင်တွေ၊ ရွက်ဖျင်တဲတွေ၊ ထရပ်ကားတစင်း စတာတွေရဲ့ တားဆီးကာကွယ်ထားကြတာ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်။

Khanကို ထောက်ခံသူတွေဟာ ကျောက်ခဲတွေ၊ မီးလောင်ဗုံတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့ကြသလို၊ နေအိမ်ခေါင်မိုးပေါ်မှာ ရှိနေတဲ့ အမျိုးသားတဦးကလည်း ရဲတပ်ဖွဲ့ကို သေနတ်နဲ့ပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ရဲတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲအရာရှိ Sukhera က ပြောပါတယ်။

XS
SM
MD
LG