သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမန်တော်ပုံ ကာတွန်းဆွဲခွင့်ပြုတဲ့ နယ်သာလန်ကို ပါကစ္စတန်မှာ ဆန္ဒပြ


တမန်တော်ပုံ ကာတွန်းဆွဲခွင့်ပေးတဲ့ နယ်သာလန်ကို ဆန္ဒပြနေကြတဲ့ ပါကစ္စတန်နိုင်ငံသားများ။ (သြဂုတ် ၁၇၊ ၂၀၁၈)
တမန်တော်ပုံ ကာတွန်းဆွဲခွင့်ပေးတဲ့ နယ်သာလန်ကို ဆန္ဒပြနေကြတဲ့ ပါကစ္စတန်နိုင်ငံသားများ။ (သြဂုတ် ၁၇၊ ၂၀၁၈)

အစ္စလာမ်ဘာသာရဲ့ တမန်တော် မိုဟမ်မက်ဒ်ကို ပုံဖော်ရေးဆွဲတဲ့ ကာတွန်းပြိုင်ပွဲတခုလုပ်ဖို့ နယ်သာလန်နိုင်ငံက လက်ယာစွန်း လွှတ်တော်အမတ်တဦးကို ခွင့်ပြုလိုက်တဲ့အတွက် ပါကစ္စတန်နိုင်ငံဆိုင်ရာ နယ်သာလန်သံရုံးကို ဆန္ဒပြသူ ၂၀၀,၀၀၀ ၊ ၃၀၀,၀၀၀ လောက်ဝိုင်းပြီး ကျောက်ခဲတွေနဲ့ ပစ်ပေါက်မယ်လို့ ခြိမ်းခြောက်ကြပါတယ်။

ရဲတပ်ဖွဲ့ကချထားတဲ့ အတားအဆီး အများအပြားကို ဆန္ဒပြသူတွေက ချိုးဖောက်ဝင်ရောက် သွားနိုင်ပေမယ့် သံရုံးနားအထိတော့ ရောက်မသွားနိုင်ကြပါဘူး။ နယ်သာလန်သံရုံးဟာ တခြားသံရုံးအများစုနဲ့အတူ အထူးအကာအကွယ်ပေးထားတဲ့ သံတမန်ဝန်းထဲ မှာ တည်ရှိတာပါ။

အစ္စလာမ်ဝါဒီ Tehreek-e-Labbaik ပါကစ္စတန် TLP ပါတီက ဦးဆောင်ပြီးလုပ်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက နယ်သာလန်နိုင်ငံနဲ့ သံတမန်အဆက်အသွယ်ဖြတ်ဖို့ ပါကစ္စတန်အစိုးရကို တောင်းဆိုကြပါတယ်။

ဒါ့အပြင် နယ်သာလန်အစိုးရက တောင်းပန်ဖို့အတွက် ကုလသမဂ္ဂကို စာရေးတင်ပြဖို့လည်း ဆန္ဒပြသူတွေက ပါကစ္စတန် အစိုးရကို တောင်းဆိုပါတယ်။

ကာတွန်းပြိုင်ပွဲကို သူ့ပါတီရဲ့ လွှတ်တော်တွင်းရုံးတွေမှာ ဒီနှစ်နှောင်းပိုင်းကျရင် လုပ်မယ်လို့ နယ်သာလန်လွှတ်တော်အမတ် Geert Wilders က ဇွန်လမှာ ကြေညာထားတာပါ။ သူ့အစီအစဉ်ကို နယ်သာလန်နိုင်ငံရဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးအဖွဲ့ ကလည်း အတည်ပြုထားပြီးပြီလို့ Geert Wilders ကပြောပါတယ်။ Wilders ဟာ အစ္စလာမ်ဆန့်ကျင်ရေး ပြောစကားတွေနဲ့ ထင်ရှားပြီး Quran ကျမ်းစာကို ပိတ်ပင်တားမြစ်ဖို့ တောင်းဆိုဖူးပါတယ်။

တမန်တော်ပုံ ကာတွန်းဆွဲခွင့်ပြုတဲ့ နယ်သာလန်ကို ပါကစ္စတန်မှာ ဆန္ဒပြ
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG