သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဂျေရုဆလင်ကိစ္စ သြစတြေးလျကို ပါလက်စတိုင်းဝေဖန်


 အနောက်ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သူ သြစတြေးလျဝန်ကြီးချုပ် Scott Morrison
အနောက်ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့သူ သြစတြေးလျဝန်ကြီးချုပ် Scott Morrison

အနောက်ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း သြစတြေးလျ အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်မဲ့ရာရောက်ကြောင်း အဆင့်မြင့် ပါလက်စတိုင်းအရာရှိက စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် ဂျေရုဆလင်ကို ပြောင်းလဲ အသိအမှတ်ပြုလိုက်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison က ကြေညာအပြီးမှာ ပါလက်စတိုင်း လွှတ်တော်အမတ်တဦးလည်းဖြစ်၊ နှစ်ပေါင်းများစွာ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ တဦးလည်း ဖြစ်တဲ့ Said Hanan Ashrawi က Ramallah မြို့မှာ ပြောကြားလိုက်တာပါ။

ဒါပေမယ့် အစ္စရေးနဲ့ပါလက်စတိုင်းအကြားက ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ မပြီးမြောက်မချင်း သြစတြေးလျ သံရုံးကို မြို့သစ်ကို ပြောင်းရွေ့မှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ် Morrison က ပြောပါတယ်။

ပြည်တွင်း နိုင်ငံရေးအခြေအနေအရ အမြင်ကျဉ်းမြောင်းစွာ ကိုယ်ကျိုးကြည့်ပြီး ဆုံးဖြတ်ချက်ကို ချမှတ်တာ ဖြစ်တဲ့အတွက် ဝန်ကြီးချုပ် Morrison အနေနဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ပေးဖို့ Ashrawi က တောင်းဆိုလိုက်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား နှစ်နိုင်ငံဒွန်တွဲတည်ရှိရေးအတွက် သဘောတူညီချက် ရရှိပြီး အရှေ့ဂျေရုဆလင်ကို ပါလက်စတိုင်းတို့ရဲ့ မြို့တော်အဖြစ် သတ်မှတ်ပြီးမှသာ သြစတေးလျအနေနဲ့ အနောက်ဂျေရုဆလင်ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ခွင့်ရှိမှာ ဖြစ်ကြောင်း Ashrawi က ပြောပါတယ်။

ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်ကြတဲ့ အမေရိကန်နဲ့ ဂွာတီမာလာပြီးရင် သြစတေးလျဟာ ၃ နိုင်ငံမြောက်ဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG