သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်းလျှောက်ထား


ပါလက်စတိုင်းသမ္မတ Mahmoud Abbas ဟာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC မှာ ပါဝင်ဖို့ တရားဝင် တောင်းဆိုလိုက်ပြီး ဒါဟာ အစ္စရေးလ်နိုင်ငံကို စစ်ရာဇဝတ်မှု ကျူးလွန်တဲ့နိုင်ငံအဖြစ် တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းမှုတရပ်လည်းဖြစ်ပါတယ်။

မစ္စတာ Abbas ဟာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးအပေါ် အသိအမှတ်ပြုတဲ့ သဘောတူညီချက်ကို ဗုဒ္ဒဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ပါလက်စတိုင်းကို အချုပ်အခြာပိုင် နိုင်ငံတခုအဖြစ် အသိအမှတ်ပြုဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ကို ပယ်ချလိုက်တာဟာ ပါလက်စတိုင်းလူထုကို နှိမ့်ချရာရောက်စေတယ်လို့ သူက ပြောပါတယ်။ ပါလက်စတိုင်းလူမျိုးတွေအနေနဲ့ သူတို့ရဲ့မြေ သူတို့အပေါ် ရန်လို ဆက်ဆံမှုတွေကို ကန့်ကွက်ချေပလိုတဲ့ ဆန္ဒရှိကြတယ်လို့ မစ္စတာ Abbas က ပြောပါတယ်။

အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu ကတော့ ICC ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး လက်တုံ့ပြန် လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။ ဘယ်နည်းဘယ်ပုံ တုံ့ပြန်မယ်ဆိုတာကိုတော့ ပြောကြားခြင်း မရှိပါဘူး။

ပါလက်စတိုင်းရဲ့ လုပ်ပုံကိုင်ပုံနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ အလွန်စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ Jeff Rathke က ထုတ်ဖော်ပြောဆိုပါတယ်။

XS
SM
MD
LG